ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီး မယ်လန်နီယာထရမ့်တို့ အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေကြောင်း အောက်တိုဘာ ၃ ရက်က ဆုတောင်းသဝဏ်လွှာ ပေးပို့လိုက်ကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကလေးငယ်ဆိုင်ရာသိပ္ပံအဖွဲ့အစည်း နှင့် ကလေးဆေးရုံအဖွဲ့ချုပ်တို့ ပူးပေါင်းထုတ်ပြန်ခဲ့သည့် နောက်ဆုံးကြေညာချက်အရ COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ လက်ရှိချိန်အထိ အမေရိကန်နိုင်ငံတွင် ကလေးနှင့်လူငယ်ပေါင်း ၆၂၀,၀၀၀ ကျော်ရောဂါကူးစက်ခံခဲ့ရပြီး လတ်တလောရက်ပိုင်းအတွင်း ကလေးငယ်ကူးစက်ခံရမှုက ပိုမိုမြန်ဆန်လာကြောင်း သိရှိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဒီမိုကရက်တစ်ပါတီ သမ္မတကိုယ်စားလှယ်လောင်း ဂျိုးဘိုင်ဒန် က အောက်တိုဘာ ၂ ရက် ၌ လူမှုကွန်ယက်စာမျက်နှာတွင် မိမိ နှင့် ဇနီး တို့က COVID-19 ရောဂါ စစ်ဆေးရာတွင် ကူးစက်ခံရမှုမရှိကြောင်း ရေးသားဖော်ပြခဲ့သည်။
ဝါရှင်တန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် COVID-19 ရောဂါကူးစက်ခံရပြီးနောက် စစ်ဆေးရုံတွင် ဆေးကုသမှုများ နောက်ထပ်ရက်အနည်းငယ် ဆက်လက်ခံယူမည်ဖြစ်ကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီး မယ်လန်နီယာတို့သည် အနီးကပ်လက်ထောက်တစ်ဦးထံတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီးနောက် ၎င်းတို့တွင်လည်း COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း အောက်တိုဘာ ၂ ရက် နံနက်အစောပိုင်း၌ သမ္မတ ထရမ့်က ပြောကြားခဲ့သည်။
ဟူစတန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရထံမှ အချက်အလက်များအရ တရုတ်နိုင်ငံအပေါ်ထားရှိသော အမေရိကန်၏ ကုန်သွယ်ရေးမူဝါဒများသည် အောင်မြင်မှုမရှိကြောင်း တရုတ်နိုင်ငံအရေးလေ့လာသူ အမေရိကန် ကျွမ်းကျင်ပညာရှင်က အောက်တိုဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်-တရုတ် ဆက်ဆံရေးဆိုင်ရာ George H. W....
ဝါရှင်တန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ကျန်းမာရေးဝန်ထမ်း ၁,၇၀၀ ကျော်သည် COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရပြီး သေဆုံးသူအများစုမှာ တစ်ကိုယ်ရေအကာအကွယ်ဝတ်စုံ (PPE) လုံလောက်မှုမရှိခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံ၏ အကြီးဆုံး သူနာပြုသမဂ္ဂဖြစ်သည့် အမျိုးသား သူနာပြုများယူနိုက်တက်၏ အစီရင်ခံစာအရ သိရသည်။
ချီကာဂို ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ Wisconsin ပြည်နယ် Milwaukee မြို့ ရှိ နာရေးအခမ်းအနား တစ်ခုတွင် စက်တင်ဘာ ၃၀ ရက် နေ့လယ်ပိုင်း အချိန်က သေနတ်ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ လူ ၇ ဦး...
ဝါရှင်တန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ပထမအကြိမ် အမေရိကန်သမ္မတလောင်း စကားစစ်ထိုးပွဲ၏ အခြေအနေအရ နောက်ဆက်လက် ကျင်းပမည့် စကားစစ်ထိုးပွဲများတွင် စည်းမျဉ်းစည်းကမ်းများကိုပြင်ဆင်သွားမည်ဖြစ်ကြောင်း ၊ ယင်းမှာပွဲစနစ်တကျ ဖြစ်စေရန် ရည်ရွယ်ကြောင်းအမေရိကန် သမ္မတလောင်းရုပ်မြင်သံကြား စကားစစ်ထိုးပွဲ တာဝန်ယူကြီးမှူးကျင်းပသည့် အမေရိကန်နိုင်ငံ သမ္မတစကားစစ်ထိုးပွဲဆိုင်ရာကော်မတီ(CPD)က စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
လော့အိန်းဂျလိစ် ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းရှိ ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ် Long Beach (CSULA) ၌ တက္ကသိုလ်တက်ရောက်ပညာသင်းကြားနေသောကျောင်းသား ၅ ဦးသည် COVID-19 ကန့်သတ်ချက်များအား ချိုးဖောက်၍ တွေ့ဆုံပွဲတစ်ခုသို့ တက်ရောက်ခဲ့သဖြင့် ယင်းတက္ကသိုလ်ပရဝဏ်အတွင်းရှိ ကျောင်းသားအားလုံးကို စက်တင်ဘာ ၂၆ ရက်တွင် (Quarantine)...