Connect with us

North America

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က မကြာမီ သမ္မတရာထူးဆက်ခံမည့် ဘိုင်ဒန်၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ရှောင်လွှဲရန် ဝါရှင်တန်မှထွက်ခွာ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

မကြာမီ ရာထူးမှထွက်ခွာတော့မည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်၌ လေးနှစ်တာကာလနေထိုင်ပြီးနောက် ဇန်နဝါရီ ၂၀ ရက် ဒေသစံတော်ချိန် နံနက်အစောပိုင်းတွင် နှုတ်ဆက်ပွဲအခမ်းအနားအတွက် Marine One လေယာဉ်ဖြင့် Andrews ပူးတွဲအခြေစိုက်စခန်းသို့ ထွက်ခွာသွားခဲ့ပြီး ယင်းမှတစ်ဆင့် ဖလော်ရီဒါပြည်နယ်ရှိ ၎င်း၏ Mar-a-Lago စံအိမ်သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

ထရမ့်သည် သမ္မတကတော် မယ်လန်နီယာ ထရမ့်နှင့်အတူ သမ္မတလေယာဉ်နှင့် ထွက်ခွာစဉ် လက်ပြနှုတ်ဆက်ခဲ့ကြောင်း၊ ထရမ့်က မွန်းလွဲပိုင်းတွင် Capitol Hill ၌ ကျင်းပမည့် ၎င်း၏နေရာတွင် ဆက်ခံမည့် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်၏ ရာထူးအပ်နှင်းပွဲကို ရှောင်လွှဲရန် ရည်ရွယ်ချက်ဖြင့် ထွက်ခွာသွားခြင်းလည်း ဖြစ်သည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ Capitol Hill တွင် အမျိုးသားလုံခြုံရေးအစောင့်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဆင်ဟွာ)

၎င်းသည် ၁၈၆၉ ခုနှစ်နောက်ပိုင်း အသစ်တက်လာမည့် သမ္မတ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ရှောင်လွှဲသည့် ပထမဆုံးသမ္မတလည်းဖြစ်လာခဲ့သည်။

ရွေးကောက်ခံသမ္မတ ဘိုင်ဒန်သည်လည်း ရာထူးအပ်နှင်းပွဲနေ့အတွက် ဘုရားကျောင်းတွင် ပြုလုပ်မည့် ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်ရန် Blair House မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————–
(English Version)
Trump leaves Washington, skips incoming president Biden’s inauguration
2021-01-20 22:00:17
WASHINGTON, Jan. 20 (Xinhua) — Outgoing U.S. President Donald Trump bid farewell to the White House, his residence of the past four years, early on Wednesday morning, ready to head to Joint Base Andrews on Marine One for a send-off ceremony following which he will fly to his Mar-a-Lago estate in Florida.
In doing so, Trump, waving hands while embarking on the presidential helicopter with First Lady Melania Trump, intentionally skipped his successor President-elect Joe Biden’s inauguration scheduled sometime around noon on Capitol Hill in the nation’s capital.
He will be the first sitting president since 1869 to be absent from the incoming president’s swearing-in ceremony.
Shortly after, Biden left the Blair House just outside the White House’s northern fence to attend a church service, kicking off his Inauguration Day. Enditem
1 Photo taken on Jan. 12, 2021 shows the White House in Washington, D.C., the United States. (Xinhua/Liu Jie)
2 National Guard soldiers are seen on Capitol Hill in Washington, D.C., the United States, on Jan. 14, 2021. (Photo by Ting Shen/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.