Connect with us

North America

အမေရိကန်နိုင်ငံ၏ ၄၆ ယောက်မြောက် သမ္မတအဖြစ် ဂျိုးဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆို

အမေရိကန်နိုင်ငံ၏ ၄၆ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုနေသည့် ဂျိုးဘိုင်ဒန်ကို တွေ့ရစဉ် (ဆင်ဟွာ)

 

ဝါရှင်တန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် အများပြည်သူများကို လာရောက်ခွင့်ပိတ်ထားသည့် ထူးခြားသည့် သမ္မတရာထူးအပ်နှင်းပွဲ၌ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်၏ ၄၆ ယောက်မြောက် သမ္မတအဖြစ် ဇန်နဝါရီ ၂၀ ရက်တွင် Capitol လွှတ်တော် အဆောက်အအုံ၏ West Front ၌ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် ရွေးကောက်ခံ ဒုတိယသမ္မတ ကာမာလာဟဲရစ်သည်လည်း အမေရိကန်၏ ၄၉ ယောက်မြောက် ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ၎င်းသည် အမေရိကန်နိုင်ငံ၏ ဒုတိယရာထူးအမြင့်ဆုံးနေရာကို တာဝန်ယူမည့် ပထမဆုံး အမျိုးသမီးနှင့် အိန္ဒိယနွယ်ဖွားတစ်ဦးလည်း ဖြစ်လာခဲ့သည်။ (Xinhua)

——————————————–

(English Version)
Urgent: Biden sworn in as 46th U.S. president
WASHINGTON, Jan. 20 (Xinhua) — At an unusual inauguration closed to public due to the still raging coronavirus pandemic, U.S. President-elect Joe Biden was sworn in as the 46th President of the United States on Wednesday at the West Front of the Capitol, which was breached two weeks ago by violent protesters trying to overturn his election victory. Enditem

Urgent: Harris sworn in as 49th U.S. vice president
WASHINGTON, Jan. 20 (Xinhua) — U.S. Vice President-elect Kamala Harris was sworn in Wednesday as the 49th vice president of the United States, becoming the first female and woman of color to hold the nation’s second-highest office. Enditem