Connect with us

North America

မလှမ်းမကမ်းတွင် မီးလောင်မှုကြောင့် အမေရိကန်လွှတ်တော်ဝင်းတစ်ခုလုံးကို lockdown ချ

အမေရိကန်နိုင်ငံ Capitol လွှတ်တော်အဆောက်အဦ မလှမ်းမကမ်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လွှတ်တော်အား လုံခြုံရေးတပ်ဖွဲ့များချ၍ lockdown ပြုလုပ်ထားသည်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ဇန်နဝါရီ၁၉ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံ Capitol လွှတ်တော်အဆောက်အဦမှ များစွာမဝေးကွာလှသော မလှမ်းမကမ်းနေရာတစ်ခုတွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ခြင်းကြောင့် လွှတ်တော်ဝင်းတစ်ခုလုံးကို ဇန်နဝါရီ ၁၈ ရက်နံနက်ပိုင်းတွင် ပိတ်ဆို့မှု lockdown ချလိုက်ကြောင်း လွှတ်တော်အမတ်များထံပေးပို့သော လွှတ်တော် ရဲတပ်ဖွဲ့၏ ပေးစာတစ်စောင်တွင် ဖော်ပြထားသည်။

“F Streets SE လမ်းနဲ့ I-295 ကုန်းတံတားအောက်မှာ ပြင်ပလုံခြုံရေး ခြိမ်းခြောက်မှုအန္တရာယ်ရှိနေတဲ့အတွက် လွှတ်တော် ဝန်ထမ်းတွေနဲ့အခြားလူပုဂ္ဂိုလ်တွေဟာ နောက်ထပ် ထုတ်ပြန်ချက်တစ်စုံတစ်ရာ မထွက်လာမခြင်း လွှတ်တော်ဝင်းထဲ တိုက်ရိုက်လာရောက်ခြင်းကို ရှောင်ရှားရပါမယ်” “ သတိပေးချက်ကို ဖတ်ပါ” “ လတ်တလော Capitol လွှတ်တော်ဝင်းထဲမှာ ရှိနေတဲ့လူအားလုံးဟာလည်း အခန်းထဲမှာပဲနေကြဖို့ နဲ့ တံခါးပေါက် ၊ ပြတင်းပေါက်တွေနဲ့ ခပ်ဝေးဝေးမှာ နေကြဖို့ အကြံပြုပါတယ် ” ဟု ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ လွှတ်တော်အဆောက်အဦ အနီးတွင် အမျိုးသားအစောင့်တပ်ဖွဲ့လုံခြုံရေးယူနေစဉ်(ဆင်ဟွာ)

ဝါရှင်တန်ဒီစီမြို့တော် မီးသတ် နှင့် အရေးပေါ်ဆေးဝါးကုသရေးဌာနက မီးလောင်ကို ငြိှမ်းသတ်လိုက်ပြီဖြစ်ကြောင်း တွစ်တာမှတစ်ဆင့် ရေးသားဖော်ပြခဲ့သည်။ အိမ်ခြေမဲ့တစ်ဦးက လောင်စာ ဓာတ်ငွေ့တစ်မျိုးကိုသုံး၍ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းမီးလောင်မှုကြောင့် လူတစ်ဦးမီးလောင်ဒဏ်ရာရခဲ့သော်လည်း “ အသက်အန္တရာယ်စိုးရိမ်ရသောဒဏ်ရာမျိုးမဟုတ်ကြောင်း” ဖြည့်စွက်ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ လွှတ်တော်အဆောက်အဦ အနီးတွင် အမျိုးသားအစောင့်တပ်ဖွဲ့လုံခြုံရေးယူနေစဉ်(ဆင်ဟွာ)

အခင်းဖြစ်ချိန်ဓာတ်ပုံများအရ Capitol လွှတ်တော်အဆောက်အဦအတွင်းရှိလူများကို အနောက်ဘက်ခြမ်း(ဝင်ပေါက်) မှတစ်ဆင့် ကယ်ထုတ်ခဲ့ကြောင်းတွေ့ရသည်။ ထိုသူများသည် ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန် နှင့် ကမ်မလာဟာရစ်တို့က သမ္မတ နှင့် ဒုတိယသမ္မတများအဖြစ် ကျမ်းသစ္စာကျိန်ဆိုရန် ဇန်နဝါရီ ၂၀ ရက် (ဗုဒ္ဓဟူးနေ့)တွင်ပြုလုပ်မည့် ၅၉ ကြိမ်မြောက် အမေရိကန် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအတွက် အစမ်းလေ့ကျင့်မှု ပြုလုပ်နေကြသူများ ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ ဝါရှင်တန်ကျောက်တိုင်အား လုံခြုံရေးအတားအဆီးများ ဝန်းရံပိတ်ဆို့ထားသည်ကို ဇန်နဝါရီ ၁၃ ရက် တွေ့ရစဉ်(ဆင်ဟွာ) 

ပြီးခဲ့သော ဇန်နဝါရီ ၆ ရက်တွင် ထရမ့်ထောက်ခံသူများက လွှတ်တော်အဆောက်အဦအား ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များသည် နောက်ထပ်ဖြစ်ပေါ်လာနိုင်သည့်အကြမ်းဖက်မှုများကို တားစီးရန်အတွက် ကျမ်းသစ္စာကျိန်ဆိုပွဲပြီးဆုံးသည်အထိ လွှတ်တော်ဝင်းတစ်ခုလုံးကို လုံခြုံရေးတင်းကြပ်စွာ စောင့်ကြည့်လျက်ရှိသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ Capitol လွှတ်တော်အနီးတွင် ရဲကားများ ရပ်ထားသည်ကို ဇန်နဝါရီ ၁၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ) 

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ Capitol လွှတ်တော်အနီးတွင် ရဲကားများ ရပ်ထားသည်ကို ဇန်နဝါရီ ၁၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ) 

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ Capitol လွှတ်တော်အနီးတွင် ရဲကားများ ရပ်ထားသည်ကို ဇန်နဝါရီ ၁၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ) 

အမေရိကန်နိုင်ငံ Capitol လွှတ်တော်အဆောက်အဦ မလှမ်းမကမ်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လွှတ်တော်အား လုံခြုံရေးတပ်ဖွဲ့များချ၍ lockdown ပြုလုပ်ထားသည်ကို ၂၀၂၁ 

မြို့တော်ဝါရှင်တန်ဒီစီတွင် အမျိုးသားအစောင့်တပ်ဖွဲ့ ၂၅,၀၀၀ ကို တပ်ချထားပြီး ၊ Capitol လွှတ်တော်ဝင်းအတွင်းရှိ ရုံးအဆောက်အဦများနှင့် တရားရုံးချုပ် တို့ကို အမြင့် ၇ ပေရှိသော လုံခြုံရေးအတားအဆီးများဖြင့် ဝန်းရံပိတ်ဆို့ထားကြောင်း ၊ ထို့ပြင် လုံခြုံရေးတိုးမြှင့်ရန်အတွက် မြို့တွင်း လမ်းဆုံလမ်းခွများတွင် စစ်ကားများ ရပ်တံ့နေရာယူထားကြောင်း သိရသည်။(Xinhua)

——————————————–
(English Version)

Entire U.S. Capitol complex on lockdown due to nearby fire

WASHINGTON, Jan. 18 (Xinhua) — The entire U.S. Capitol complex was on lockdown Monday morning after a fire was reported several blocks away, Capitol Police said in a letter to lawmakers.
“Due to an external security threat under the bridge on I-295 at First and F Streets SE, staff and other personnel are directed to avoid coming to the Capitol Complex area until further notice,” read the alert. “All personnel currently on the Capitol Complex are advised to stay indoors and away from windows and doors.”
D.C. Fire and Emergency Medical Services said on Twitter that the fire had been extinguished. It said the fire was caused by homeless person who used propane, adding the incident resulted in one individual sustaining “non life threatening injury.”
On-site photos showed people inside the Capitol building were evacuated from the West Front of the Capitol. They were rehearsing the 59th Presidential Inauguration slated for Wednesday, when Democrats Joe Biden and Kamala Harris will be sworn in as president and vice president, respectively.
Police ramped up security measures on the Capitol Grounds in the lead-up to the inauguration, as they braced for possible violence after pro-Trump demonstrators stormed the Capitol building on Jan. 6.
Roughly 25,000 National Guard members have been deployed in the nation’s capital, with 7-foot barriers being erected around the Capitol, its office buildings and the Supreme Court. Military vehicles were seen parking at intersections downtown to boost security.

(1,8),Photo taken on Jan. 18, 2021 shows the U.S. Capitol building in Washington, D.C., the United States. The entire U.S. Capitol complex was on lockdown Monday morning after a fire was reported several blocks away, Capitol Police said in a letter to lawmakers. (Xinhua/Liu Jie)
(2,3)Security staff are seen near the U.S. Capitol building in Washington, D.C., the United States, Jan. 17, 2021. (Xinhua/Liu Jie)
(4) Photo taken on Jan. 13, 2021 shows the Washington Monument seen through a barrier fence in Washington, D.C., the United States. (Xinhua/Liu Jie)
(5,6,7)Police vehicles are seen near the U.S. Capitol building in Washington, D.C., the United States, on Jan. 18, 2021. The entire U.S. Capitol complex was on lockdown Monday morning after a fire was reported several blocks away, Capitol Police said in a letter to lawmakers. (Xinhua/Liu Jie)