Connect with us

North America

COVID-19 ရောဂါဖြစ်ပွားနေစဉ် နှာခေါင်းစည်း တပ်ဆင်ရေးစိန်ခေါ်မှုဆိုင်ရာ သမ္မတအမိန့်ကို ဘိုင်ဒန် လက်မှတ်ရေးထိုး

အမေရိကန်နိုင်ငံ၏ ၄၆ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား၌ သမ္မတ ဂျိုးဘိုင်ဒန် (လယ်) ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် ဇန်နဝါရီ ၂၀ ရက်က ကျမ်းသစ္စာကျိန်ဆိုပွဲ၌ သမ္မတအမိန့်များစွာကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ရာတွင် COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း နှာခေါင်းစည်းတပ်ဆင်ရေး စိန်ခေါ်မှုသည်လည်း ၎င်း၏ ပထမဆုံးကိုင်တွယ်မှု လုပ်ငန်းစဉ်များထဲတွင် တစ်ခုအပါအဝင်အဖြစ် ထည့်သွင်းခဲ့သည်။

“ရက်ပေါင်း ၁၀၀ နှာခေါင်းစည်းတပ်ဆင်ရေး စိန်ခေါ်မှု” အမိန့်တွင် အစိုးရအဆောက်အအုံများအားလုံး၊ အစိုးရပိုင်နက်နယ်မြေများအားလုံးနှင့် အစိုးရဝန်ထမ်းများနှင့် စာချုပ်ချုပ်ဆိုလုပ်ကိုင်သော ဝန်ထမ်းများအားလုံးသည် နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် လူချင်းခပ်ခွာခွာနေထိုင်ခြင်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၉ ရက်အထိ အမေရိကန်နိုင်ငံ ပြည်နယ် ၃၇ ခုရှိ အစိုးရများအနေဖြင့် COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ပြည်သူများအနေဖြင့် အများပြည်သူဆိုင်ရာနေရာများ၌ မျက်နှာကို အကာအကွယ်ပြုရန် နားခေါင်းစည်း တပ်ဆင်ရန် သတ်မှတ်ထားခဲ့သည်။ ကိုလံဘီယာနှင့် ပါတိုရီကို ပြည်နယ်များ၌လည်း နှာခေါင်းစည်းတပ်ဆင်ရန် ညွှန်ကြားထားကြောင်း အသက် ၅၀ နှစ်အထက်ရှိသူများကို ထိခိုက်မှုမရှိစေရေး ဦးတည်ထားသော ဘက်မလိုက်ရေးအဖွဲ့ ၊ အကျိုးအမြတ်မယူသော အမေရိကန် အဖွဲ့တစ်ဖွဲ့ဖြစ်သော AARP အဆိုအရ သိရသည်။

ဘိုင်ဒန်သည် အမေရိကန်နိုင်ငံ၏ ၄၆ ယောက်မြောက် သမ္မတအဖြစ် ဇန်နဝါရီ ၂၀ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲပြုလုပ်သည့် အချိန်၌ အမေရိကန်နိုင်ငံအတွင်း COVID-19 ရောဂါဖြစ်ပွားမှုမှာ ၂၄.၃၈ သန်းကျော်ရှိလာခဲ့ပြီး သေဆုံးသူဦးရေအနေဖြင့် ၄၀၄,၀၀၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)

 

————————————————
(Ebglish Version)

Biden signs executive order on mask challenge amid COVID-19

WASHINGTON, Jan. 20 (Xinhua) — U.S. President Joe Biden signed a series of executive orders upon his inauguration on Monday, with the first one addressing the mask challenge amid the COVID-19 pandemic.
The executive order of “100 Days Masking Challenge” requires masks and physical distancing in all federal buildings, on all federal lands and by federal employees and contractors.
As of Jan. 19, a total of 37 U.S. state governments required people to wear face coverings in public to curb the spread of COVID-19. The District of Columbia and Puerto Rico also have mask orders in place, according to the AARP, a U.S. nonprofit, non-partisan organization focusing on issues affecting those over the age of fifty.
Biden was sworn in as the 46th president of the United States on Wednesday. His inauguration came at a time when the country recorded over 24.38 million COVID-19 cases and over 404,000 deaths. Enditem
(210120) — WASHINGTON, Jan. 20, 2021 (Xinhua) — U.S. President Joe Biden (C) attends the inauguration ceremony of the 46th President of the United States in Washington, D.C., the United States, on Jan. 20, 2021. At an unusual inauguration closed to public due to the still raging coronavirus pandemic, U.S. President-elect Joe Biden was sworn in as the 46th President of the United States on Wednesday at the West Front of the Capitol, which was breached two weeks ago by violent protesters trying to overturn his election victory. (Xinhua/Liu Jie)