နယူးဒေလီ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် တွင် အောက်တိုဘာ ၂၁ရက်က ကြွေပြားများ တင်ဆောင်လာသော ကုန်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ အနည်းဆုံးလူ ၁၀ဦးသေဆုံးပြီး အခြားလူ ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောကြားခဲ့သည်။
ဆရီနာဂါ၊ ကက်ရှမီးယား၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) အိန္ဒိယ ထိန်းချုပ် ကက်ရ်ှမီးယားဒေသတွင် စစ်သွေးကြွများနှင့် အိန္ဒိယ တပ်ဖွဲ့များအကြား အောက်တိုဘာလ ၁၁ ရက်က သေနတ်ပစ်ခတ်မှု အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်သွေးကြွ နှစ်ဦးနှင့် လေတပ် တပ်ဖွဲ့ဝင် နှစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့ကြောင်း စစ်တပ်...
နယူးဒေလီ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်း Uttar Pradesh ပြည်နယ် ရှိ မြစ်တစ်စင်းတွင် လှေတိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၆ဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၇ရက်တွင်ပြောကြားခဲ့သည်။
နယူးဒေလီ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Jharkhand ပြည်နယ် ရှိ တရားမဝင် မီးရှူးမီးပန်းထုတ်လုပ်သည့် စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ဦးသေဆုံးပြီး အခြားလူ ၂၅ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၂၅ ရက်တွင်ပြောကြားခဲ့သည်။
နယူးဒေလီ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ချပ်ပြည်နယ် တွင် အကြီးတန်းသတင်းထောက် တစ်ဦး နှင့် ၎င်း၏ အသက် ၉၂နှစ် အရွယ် မိခင်တစ်ဦး စက်တင်ဘာ ၂၃ ရက် က အသတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
နယူးဒေလီ ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၃ ရက်တွင် ဟိန္ဒူဘာသာရေးခေါင်းဆောင် ဂုရုကြီး တစ်ဦးကို ၎င်းအား ကိုးကွယ်ယုံကြည်သူ အသက် ၂၁ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးအား အဓမ္မကျူးလွန်မှုဖြင့် နယူးဒေလီမြို့အနီးရှိ ဘုရားကျောင်းဝင်းတစ်ခုအတွင်းမှ ဖမ်းဆီးလိုက်ကြောင်းသိရသည်။
နယူးဒေလီ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂိုအာပြည်နယ် အစိုးရအဖွဲ့က အများပြည်သူဆိုင်ရာနေရာများ၌ အရက်သောက်သုံးခွင့်အား အောက်တိုဘာလတွင် စတင်ပိတ်ပင်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Bihar ပြည်နယ်တွင် ယာဉ်တိုက်မှုတစ်ခုကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၅ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက်တွင်ပြောကြားခဲ့သည်။
နယူးဒေလီ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ် တွင် သြဂုတ် ၂၇ ရက် က ကုန်တင်ကားတစ်စီး နှင့် ဂျစ်ကားတစ်စီး တိုက်မိရာ အနည်းဆုံး လူ ၁၁ဦးသေဆုံးကြောင်း ပြည်တွင်းသတင်းဋ္ဌာနတစ်ခု ကဖော်ပြခဲ့သည်။
အူထရာပရာဒတ် ၊ သြဂုတ် ၂ဝ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူထရာပရာဒတ်(Uttar Pradesh)ပြည်နယ် Muzaffarnagar မြို့၌ သြဂုတ်လ ၁၉ ရက်တွင် ခရီးသည်တင် ရထားတစ်စင်း မတော်တဆလမ်းချော်တိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၂၃ ဦးသေဆုံးပြီး အခြား ၅ဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။