Connect with us

Asia

အိန္ဒိယနိုင်ငံ ရာဇဌာန်ပြည်နယ်တွင် ရွေ့လျားနေအိမ် ပြိုကျမှုကြောင့် လူ ၁၄ ဦး သေဆုံး

အိန္ဒိယနိုင်ငံတွင် ယခင်က ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သည့် အဆောက်အဦတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ရာဇဌာန်(Rajasthan)ပြည်နယ် Barmerဒေသတွင် ဇွန် ၂၃ ရက်က ရွေ့လျားနေအိမ်ပြိုကျမှုတစ်ခု ဖြစ်ပွား ရာ အနည်းဆုံး လူ ၁၄ ဦးသေဆုံးပြီး လူပေါင်း ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း သိသည်။

အချင်းဖြစ်ပွားချိန်မှာ ဇွန် ၂၃ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ကြောင်း ၊ ပြိုကျမှုဖြစ်ပွားစဉ် ဒေသခံအချို့က အဆိုပါ ယာယီတည်ဆောက်ထားသည့် ရွေ့လျားနေအိမ်တွင် စုံညီပွဲတစ်ခု ပြုလုပ်နေကြောင်း ၊ ရုတ်တရက် မိုးကြီးလေကြီးရွာသွန်းမှုကြောင့် ယခုကဲ့သို့ ပြိုကျရခြင်းဖြစ်ကြောင်း အိန္ဒိယ မီဒီယာများ၏ သတင်းများအရ သိရသည်။

အချင်းဖြစ်ပွားပြီးနောက် ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ ချက်ချင်း ပို့ဆောင်ကုသခဲ့ကြောင်း သိရသည်။ အိန္ဒိယ ဝန်ကြီးချုပ် ရုံးနှင့် ရာဇဌာန်ပြည်နယ် ဝန်ကြီးချုပ် တို့မှ သေဆုံးသူများအတွက် ဝမ်းနည်းကြောင်းနှင့် ဒဏ်ရာရသူများ အမြန်ပြန်လည်ကျန်းမာလာပါစေေကြောင်း လူမှုမီဒီယာတွင် ပြောကြားခဲ့သည်ဟုသိရသည်။ လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ဆဲဖြစ်သည်။ အိန္ဒိယတွင် အဆောက်အဦ ပြိုကျပျက်စီးမှုများ မကြာခဏဖြစ်ပွားလေ့ရှိရာ အဓိကအားဖြင့် အဆောက်အဦ အိုဟောင်းခြင်း ၊ ရာသီဥတုအခြေအနေဆိုးဝါးခြင်းနှင့် ဆောက်လုပ်ရေး စည်းစနစ်မကျခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117