Connect with us

Asia

အိန္ဒိယနိုင်ငံ၌ အပူလှိုင်းဖြတ် ၊ ဒေသအချို့တွင် အပူချိန် ၅ဝ ဒီဂရီဆဲလ်စီးယပ်စ်ထိ ရောက်ရှိ

အိန္ဒိယနိုင်ငံ၌ အပူလှိုင်းဒဏ်ကြောင့် ပြည်သူများသောက်သုံးရေး တောင်းခံနေပုံ(ဆင်ဟွာ)

နယူးဒေလီ ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံမိုးလေဝသဌာန(IMD) က အိန္ဒိယနိုင်ငံမြောက်ပိုင်း အထူးသဖြင့် အူထရာပရာဒတ်ရှ် ၊ ဟာယနာ ၊ ဒေလီ စသည့်ပြည်နယ်များ နှင့် ချန်ဒီဂရပ် ဒေသများတွင် အပူလှိုင်းကျရောက်သည့် အန္တရာယ်ကို သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းပြည်နယ်များအပြင် နိုင်ငံအလယ်ပိုင်းရှိ မတ်ဒယာပရာဒတ်ရှ်(Madhya Pradesh)ပြည်နယ်အတွင်း ဒေသအချို့နှင့် ဟီမာချယ်ပရာဒတ်ရှ်(Himachal Pradesh) ၊ ချဟတ်တီဂရပ်(Chhattisgarh) ၊ မဟာရာရှထရာ နှင့် ဂျေဟာခန်း(Jharkhand) စသည့် ပြည်နယ်များတွင် အပူချိန်မြင့်မားသည့်ဒဏ်ကို ခံစားရမည်ဖြစ်ကြောင်း ဇွန် ၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် IMD ၏ သတိပေးချက်၌ ဆက်လက်ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ၌ အပူလှိုင်းဒဏ်ကြောင့် ကလေးငယ် နှစ်ဦး ရေချိုးနေစဉ်(ဆင်ဟွာ)

ဇွန် ၁ ရက်တွင် အိန္ဒိယနိုင်ငံ ရာဂျစတန်(Rajastan) ပြည်နယ် ၊ ချူရုခရိုင်(Churu) တွင် စံချိန်တင် အပူချိန် ၅ဝ.၆ ဒီဂရီဆဲလ်စီးယက်စ်အထိ အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း IMD သတင်းအရင်းများအရ သိရသည်။ရာဂျာစတန်ပြည်နယ်အတွင်းရှိ Ganganagar မြို့၊ Bikaner မြို့၊ Jaisalmer မြို့နှင့် Kota မြို့များတွင် အပူချိန် ၄၉ ၊ ၄၇.၉ ၊ ၄၇.၂ နှင့် ၄၆ ဒီဂရီ ဆဲလ်စီးယက်စ်များဖြင့် အသီးသီး အမြင့်ဆုံး စံချိန်တင်ပမာဏ ရောက်ရှိခဲ့သည်။ထို့ပြင် ဒေလီမြို့၌ အမြင့်ဆုံး အပူချိန် ၄၆ ဒီဂရီဆဲလ်စီးယက်စ်ထိ ရောက်ရှိခဲ့ကြောင်း သိရသည်။(Xinhua)