Connect with us

Asia

အိန္ဒိယနိုင်ငံ ဥဒစ္စပြည်နယ်၌ ဖန်နီမုန်တိုင်းကြောင့် သေဆုံးသူ ၃၃ ဦးထိရှိလာ


နယူးဒေလီ ၊ မေ ၆ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဥဒစ္စပြည်နယ်၌ ဖန်နီဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ ၃၃ ဦးထိမြင့်တက်သွားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာက မေ ၅ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ အင်အားအလွန်ပြင်းထန်သောမုန်တိုင်းသည် ကမ်းရိုးတန်းဥဒစ္စပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့် အဆောက်အအုံပေါင်းများစွာ ပျက်စီးသွားခဲ့ကြောင်း ၊ လူနေအိမ်ပေါင်းများစွာ ရေ နှင့် လျှပ်စစ်မီးများ ပျက်တောက်သွားခဲ့ကြောင်း ၊ သစ်ပင်များ နှင့် မီးတိုင်များလည်း အမြစ်မှ ကျွတ်ထွက်ခဲ့ရကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌ ဖန်နီမုန်တိုင်းဒဏ်ခံရပြီးနောက်အပျက်အစီးပုံအားတွေ့ရစဉ်(ဆင်ဟွာ)

“ ဖန်နီဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၃၃ ဦးထိ မြင့်တက်သွားပါပြီ” ဟု အိန္ဒိယပြည်တွင်းရုပ်သံလိုင်းတစ်ခုက မေ ၅ ရက်တွင် ထုတ်လွှင့်ပြသခဲ့သည်။

ဒေသဆိုင်ရာအစိုးရအရာရှိများ၏ ပြောကြားချက်အရ ဥဒစ္စပြည်နယ်မြို့တော် Bhubaneswar မြို့၏ တောင်ဘက် ၆၈ ကီလိုမီတာအကွာရှိ Puri မြို့မှာ မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရကြောင်း ဆိုသည်။

ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး A P Padhi က Puri မြို့တစ်ခုထဲ၌ သေဆုံးသူ ၂၁ ဦးရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မေ ၃ ရက်တွင် အိန္ဒိယနိုင်ငံ ကုန်းမကြီးပေါ်စတင်ဝင်ရောက်ခဲ့ပြီး မုန်တိုင်းကြောင့် အပင်များအမြစ်မှကျွတ်ထွက်ခြင်း ၊ မီးတိုင်များ လဲပြိုခြင်း ၊ ဖုန်းတာဝါတိုင်များ လဲကျခြင်း ၊ လူနေအိမ်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရသည်။

ဥဒစ္စပြည်နယ်ဝန်ကြီးချုပ် Naveen Patnaik က မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ပြန်လည်ထူထောင်းရေးအစီအစဉ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

အဆိုပါ ဖန်နီမုန်တိုင်းသည် အိန္ဒိယနိုင်ငံ၌ တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် အပြင်းထန်ဆုံး မုန်တိုင်းတစ်လုံးဖြစ်ကြောင်း သိရသည်။(Xinhua)