ကွာလာလမ်ပူး ၊ မတ် ၂၅ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံ၌ COVID-19 ထိန်းချုပ်ရေးကြိုးပမ်းမှုတစ်ခုအနေဖြင့် ဧပြီ ၁၄ ရက် အထိ ရက်သတ္တပတ် နှစ်ပတ်တာ ဘက်ပေါင်းစုံတင်းကြပ်မှုဆောင်ရွက်သွားရန် ပြည်သူများ လှုပ်ရှားသွားလာမှုကန့်သတ်ချက်ကို တိုးမြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မူယီဒင်ယာစင်က မတ် ၂၅ ရက်တွင် ကြေညာခဲ့သည်။
ဒါကာ၊ မတ် ၂၅ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် COVID-19 ဖြစ်ပွားမှုကို ထိန်းချုပ်ရန် နိုင်ငံတစ်ဝန်း မတ် ၂၆ ရက်မှ ဧပြီ ၄ ရက်အထိ အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအား တင်းကြပ်ရန် အစိုးရက ကြေညာလိုက်ပြီးနောက် နေရပ်ပြန်သူများဖြင့် အလွန်ပြည့်ကျပ်နေကြောင်း သိရသည်။
ပေကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အိန္ဒိယနိုင်ငံတွင် COVID-19 ထိန်းချုပ်ရေးအတွက် အတွေ့အကြုံမျှဝေရန်နှင့် ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ကူညီရန် အသင့်ရှိကြောင်း မတ် ၂၄ ရက်က ပြောကြားခဲ့သည်။
ဘန်ကောက် ၊ မတ် ၂၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ယနေ့ မတ် ၂၅ ရက်မှ စတင်၍ မိုးပျံရထား နှင့် မြေအောက်ရထားများ အပါအဝင် ရထားစီးနင်းသူ ခရီးသည်အားလုံးအနေဖြင့် နှာခေါင်းစည်း(Masks)များ ဝတ်ဆင်ရန် လိုအပ်ကြောင်း ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန website မှ သိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) COVID-19 အား ကာကွယ်ထိန်းချုပ်ရန် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ၃၀.၃.၂၀ မှ ၃၀.၄.၂၀ ရက်အတွင်း ရက်သတ္တ ၃ ပတ်ကြိုတင်ကြေညာထားသော ရာဇဝတ်မှု နှင့် တရားမ မှုခင်းများ ကြားနာရန် ကိစ္စရပ်အား ဆိုင်းငံ့လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က မတ်...
ဖူကျုံး ၊ မတ်လ ၂၅ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ က အီတလီ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အား ကူညီထောက်ပံ့ရန် အတွက် တတိယ အသုတ် အနေဖြင့် ပညာရှင်ပေါင်း ၁၄ ဦး ဖြင့် ဖွဲ့စည်း ထားသည့် ဆေးဘက်ဆိုင်ရာ...
ပေကျင်း ၊ မတ် ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် မတ် ၂၆ ရက်တွင် ကျင်းပပြုလုပ်မည့် COVID-19 ကူးစက်ရောဂါတုံ့ပြန်မှုဆိုင်ရာ G20 ခေါင်းဆောင်များ၏ အထူးအစည်းအဝေး တစ်ခုကို ပေကျင်းမြို့မှနေ၍ ပါဝင် တက်ရောက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ရင်က ယနေ့မတ် ၂၅ ရက်တွင်...
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ ဘဏ်များအားလုံးသည် မည်သည့်အခြေအနေတွင်ဖြစ်စေ ဘဏ်များ နှင့်ဆက်သွယ်ဆောင်ရွက်သူ ပြည်သူများအား ငွေထုတ်ပေးခြင်းအပါအဝင် နေ့စဉ်ပုံမှန်ဝန်ဆောင်မှုလုပ်ငန်းများကို ဘဏ်ဖွင့်ရက်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မတ် ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ မတ် ၂၅ ရက်(ဆင်ဟွာ) ပြည်တွင်းနေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်းများ (IDP စခန်းများ)တွင် COVID-19 ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရွှေလီ၊မတ် ၂၅ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံCOVID-19 ရောဂါတိုက်ဖျက်ရေးကို ကူညီထောက်ပံ့ရန် ဂျက်မားဖောင်ဒေးရှင်း (JACK MA FOUNDATION) အပါအဝင် တရုတ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းများမှ N95 နှာခေါင်းစည်းများ ၊ Nucleic Acid Testing(NAT)စမ်းသပ်ပစ္စည်းများ စသည့် ကျန်းမာရေး ထောက်ပံ့ပစ္စည်းများကို မြန်မာနိုင်ငံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။