Connect with us

ASEAN

ထိုင်းနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ရထားစီးခရီးသည်များအားလုံး နှာခေါင်းစည်း ဝတ်ဆင်ရန် အမိန့်ထုတ်

၂၀၁၉ ခုနှစ်အတွင်း ဘန်ကောက်မြို့ရှိ Wat Mangkon ဘူတာရုံ၌ သွားလာနေကြသော ခရီးသည်များအားတွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ မတ် ၂၅ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ ယနေ့ မတ် ၂၅ ရက်မှ စတင်၍ မိုးပျံရထား နှင့် မြေအောက်ရထားများ အပါအဝင် ရထားစီးနင်းသူ ခရီးသည်အားလုံးအနေဖြင့် နှာခေါင်းစည်း(Masks)များ ဝတ်ဆင်ရန် လိုအပ်ကြောင်း ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန website မှ သိရသည်။

နှာခေါင်းစည်း လိုအပ်သူများအတွက် ရထားဘူတာရုံ ဝင်ပေါက်များ၌ ဝယ်ယူရရှိနိုင်ကြောင်းလည်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ယင်းအစီအမံသည် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန၏ COVID-19 ရောဂါ ကူးစက်မှု ကာကွယ်တားဆီးရေး လမ်းညွှန်ချက်နှင့်အညီ လိုက်နာခြင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနကဆိုသည်။

သို့သော် ရထားစီးခရီးသည်များအနေဖြင့် ရထားပေါ်တွင် တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ မနေကြရန် နှင့် ဘူတာရုံ ဝင်ပေါက်များတွင် ကိုယ်ပူချိန်တိုင်းတာမှုကို ခံယူကြရန် လိုအပ်ကြောင်းသိရသည်။ ယင်းအစီအမံသည် ထိုင်းနိုင်ငံအတွင်းရှိ ရထားပို့ဆောင်ရေးဝန်ဆောင်မှုအားလုံးနှင့်အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

 ထိုင်းနိုင်ငံ၌ COVID-19 ရောဂါ အတည်ပြု ဖြစ်ပွားသူ လူနာသစ် ၁၀၇ ဦး ရှိပြီး ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၉၃၄ ဦး အထိ ရှိလာခဲ့ကြောင် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက မတ် ၂၅ ရက်တွင် ကြေညာခဲ့သည်။လက်ရှိတွင် COVID-19 ရောဂါ ဆေးကုသမှုခံယူနေသူ လူနာပေါင်း ၈၆၀ ဦးရှိပြီး ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၇၀ ဦး နှင့် သေဆုံးသူ လေးဦးရှိကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117