Connect with us

MYANMAR

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ရာဇဝတ်မှု နှင့် တရားမ မှုခင်းများ ကြားနာရန် ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်ထုတ်ပြန် 

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်)

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

COVID-19 အား ကာကွယ်ထိန်းချုပ်ရန် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ၃၀.၃.၂၀ မှ ၃၀.၄.၂၀ ရက်အတွင်း ရက်သတ္တ ၃ ပတ်ကြိုတင်ကြေညာထားသော ရာဇဝတ်မှု နှင့် တရားမ မှုခင်းများ ကြားနာရန် ကိစ္စရပ်အား ဆိုင်းငံ့လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က မတ် ၂၄ ရက်တွင် အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရုံးထိုင်ပြန်လည်ကြားနာမည့်ရက်များအား ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက် ထဲတွင်ပါရှိသည်။

မတ် ၂၅ ရက် နှင့် ၂၆ ရက်များ အတွက် ထုတ်ပြန်ထားသည့် ရာဇဝတ်မှုခင်းများ၊  တရားမမှုခင်းများ နှင့် စပ်လျဉ်း၍ ကြားနာမည့် ကိစ္စအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် ၏ ကြေညာချက်ထဲတွင် ပါရှိသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117