Connect with us

CHINA

အိန္ဒိယနိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံက ကူညီရန်အသင့်ရှိဟု နိုင်ငံခြားရေးဝန်ကြီးပြော

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြာရေးဝန်ကြီး ဝမ်ရိအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အိန္ဒိယနိုင်ငံတွင် COVID-19 ထိန်းချုပ်ရေးအတွက် အတွေ့အကြုံမျှဝေရန်နှင့် ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ကူညီရန် အသင့်ရှိကြောင်း မတ် ၂၄ ရက်က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အက်စ်. ဂျိုင်ရှန်ကာ (S. Jaishankar) နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားစဉ် ဝမ်က တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံတွင် COVID-19 ဖြစ်ပွားမှုအရေအတွက် မြင့်တက်နေသည့်အတွက် အမှန်တကယ် ကိုယ်ချင်းစာမိပါကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံ၏ ရောဂါထိန်းချုပ်မှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများနှင့် တိုးတက်မှုများ ရရှိခဲ့သည့်အတွက် ဂုဏ်ယူကြောင်း၊ အိန္ဒိယ ပြည်သူများအနေဖြင့် ရောဂါကူးစက်မှုကို မှန်ကန်စွာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်သလို ဖြစ်နိုင်သမျှမြန်မြန် ကျော်လွှားသွားနိုင်မည်ဖြစ်ကြောင်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။

လူဦးရေ တစ်ဘီလီယံကျော်ရှိသည့် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးတို့သည် COVID-19 တိုက်ဖျက်ရေးအတွက် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက အိန္ဒိယနိုင်ငံနှင့်အတူ နိုင်ငံတကာ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး ပူးတွဲကာကွယ်ရေးအတွက် နိုင်ငံစုံပါဝင်မှုမူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ 

အိန္ဒိယနိုင်ငံအား ဆေးဘက်အထောက်အကူပြုပစ္စည်းများ ကူညီခဲ့သည့်အတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံတွင် ကူးစက်ရောဂါ ထိန်းချုပ်ရေး ကြိုးပမ်းမှုများ၌ ပြောင်မြောက်သော ရလဒ်များ ရရှိခဲ့ခြင်းအပေါ် ဂုဏ်ယူကြောင်းနှင့် တရုတ်နိုင်ငံ၏ အတွေ့အကြုံများမှ လေ့လာရန်အသင့်ရှိကြောင်း အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာက ပြောခဲ့သည်။  (Xinhua)