ဟောင်ကောင် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူးကယ်ရီလမ်းက ရောဂါကူးစက်မှုကွင်းဆက်များကို ဖြတ်တောက်ပစ်ရန်အတွက် ဟောင်ကောင်အစိုးရမှ ဦးဆောင်ပြုလုပ်နေသည့် ဒေသတစ်ခုလုံး COVID-19 ရောဂါ ရှိမရှိ စမ်းသပ်စစ်ဆေးမှုတွင် ပြည်သူများအနေဖြင့် တက်ကြွစွာပါဝင်ကြရန် ယနေ့ စက်တင်ဘာ ၁ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ ၆ သန်းကျော်ရှိလာကြောင်းနှင့် ရုရှားနိုင်ငံတွင် ကာကွယ်ဆေး အမြောက်အမြားထုတ်လုပ်တော့မည်ဖြစ်ကြောင်း ဩဂုတ် ၃၁ ရက် ကမ္ဘာ့ကပ်ရောဂါအခြေအနေ သတင်းအချက်အလက်များအရ သိရသည်။
ရန်ကုန် ၊ ဩဂုတ် ၃၁ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးချက်များအရ ဓာတ်ခွဲအတည်ပြုလူနာသစ် အများဆုံး စံချိန်တင်အဖြစ် ၉၅ ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၃၀ ရက်) ည (၈)နာရီတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆) ဦးအား တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နယူးယောက် ၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာ ဩဂုတ် ၂၉ ရက်ထိ ၈၄၀,၀၀၀ ကျော်ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာန (CSSE)ထံမှ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၂၉ ရက်) ည (၈)နာရီတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၇) ဦးအထိ အများဆုံးစံချိန်တင်တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဟောင်ကောင်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ) ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် COVID-19 စောင့်ကြည့်မှုအတွက် နှာခေါင်း၊အာခေါင်တို့ဖတ် စုဆောင်းရာနေရာ ၁၄၁ ခုကို ထားရှိသွားမည်ဖြစ်ပြီး စက်တင်ဘာ ၁ ရက်မှစတင်မည့် လူအများအပြား ရောဂါစမ်းသပ်ရေးအစီအစဉ်အတွက် အသုံးပြုသွားမည်ဟု HKSAR အစိုးရက ဩဂုတ် ၂၈...
ပေကျင်း၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးလေးမျိုးသည် နိုင်ငံတကာ လက်တွေ့စမ်းသပ်မှုအဆင့် ၃ စတင်နေပြီဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ COVID-19 တိုက်ဖျက် ကာကွယ် ထိန်းချုပ်ရေး ပူးတွဲယန္တရားအရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၂၉ ရက်) နံနက် ၈ နာရီ တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃) ဦးထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) COVID-19 ရောဂါ ပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ပြည်သူသို့ပန်ကြားချက်အား စက်တင်ဘာ ၃၀ ရက်အထိ တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း COVID – 19 ကာကွယ်၊...