Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆) ဦး ထပ်မံတွေ့ရှိ

နှာခေါင်းစည်းဖြင့် သွားလာနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်  ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၃၀ ရက်) ည (၈)နာရီတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆) ဦးအား တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

သြဂုတ် ၃၀ ရက် ည ၈ နာရီ အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၇၇၅) ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။ ယနေ့ COVID-19 အတည်ပြုလူနာသစ်များသည် ရခိုင်ပြည်နယ်မှ ၂၁ဦး နှင့် ရန်ကုန်တိုင်းဒေသကြီး ၅ ဦးဖြစ်ကြောင်း၊ ၎င်းတို့ထဲတွင် COVID-19 အတည်ပြုလူနာနှင့် ထိတွေ့ သူ ၁၆ ဦးပါဝင်ပြီး၊ ၎င်းတို့အားလုံး ပြည်ပ ခရီးသွားရာဇဝင်မရှိကြောင်း၊ ၎င်းတို့ထဲမှ ၂၅ဦး သည် အသွားအလာကန့်သတ်ထားသူများ ဖြစ်ပြီး ကျန် ၁ ဦးမှာ စောင့်ကြည့်လူနာဖြစ်ကြောင်း သိရသည်။

သြဂုတ် ၃၀ ရက် ည ၈နာရီ အချိန်အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်း များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှု တွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူအသစ် (၁) ဦး (Case-361) ရှိသဖြင့် ယနေ့အထိရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၅၂) ဦး ရှိကြောင်း၊  ၎င်းတို့အနက် (၃၄၇) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများ တွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ယနေ့အထိဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း သိရသည်။   (Xinhua)