ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအလယ်ပိုင်း ညောင်ဦးမြို့၌ မေ ၁၃ ရက်တွင် ၅၈ နှစ်အတွင်း တစ်ရက်တည်း မိုးရွာသွန်းမှု အမြင့်ဆုံး ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ မေ ၁၄ ရက်တွင် ပြောသည်။
အော့စလို၊ မေ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldtနှင့် နော်ဝေနိုင်ငံ အော့စလိုမြို့တွင် မေ ၁၂ ရက်က ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ပြောင်းလဲရှုပ်ထွေးနေသည့် နိုင်ငံတကာ အခြေအနေတွင် တရုတ်-ဥရောပ ဆက်ဆံရေး...
ချန်ရှား၊ မေ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ချန်ရှားမြို့ ရှန်းကျန်းကျေးရွာရှိ ဒေသခံလယ်သမားများက ငါး၊ ပုစွန်များနှင့် အတူယှဉ်တွဲလျက် စပါး၊ ဟင်းသီးဟင်းရွက်နှင့် ပန်းများကို ရေပေါ်တွင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ (Xinhua) ……………………………………………… (English Version) Farmers in...
ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ) ဥရောပအာရှအရေးဆိုင်ရာ တရုတ်နိုင်ငံ အစိုးရ၏အထူးသံတမန် လီဟွေးသည် မေ ၁၅ ရက်မှစတင်၍ ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ဆက်စပ်သောနိုင်ငံများ အားလုံးနှင့် ဆက်သွယ်ပြောဆိုရန် ယူကရိန်း၊ ပိုလန်၊ ပြင်သစ်၊ ဂျာမနီနှင့် ရုရှား စသည့်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန...
ပေကျင်း၊ မေ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ လွတ်လပ်သောကုန်သွယ်မှုဇုန်များ (FTZs) တွင် ယခုနှစ် ပထမသုံးလအတွင်း ပြည်ပကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လျင်မြန်စွာတိုးတက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေ ၁၁ ရက်၌ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံရှိ လွတ်လပ်သောကုန်သွယ်မှုဇုန်များ၏ စုစုပေါင်း ပြည်ပကုန်သွယ်မှုမှာ ယင်းကာလအတွင်း ယွမ်...
ဗီယင်နာ၊ မေ ၁၂ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာရုံး အကြီးအကဲ ဝမ်ရိနှင့် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်တို့သည် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ မေ ၁၀ ရက်နှင့် ၁၁ ရက်များ၌ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ပွင့်လင်း နက်ရှိုင်း ခိုင်မာ၍ အပြုသဘောဆောင်သော...
ချန်းကျိုး၊ မေ ၁၂ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ၊ နိုင်ငံတော် သမ္မတ ၊ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မေ ၁၁ ရက်က ဟဲပေပြည်နယ် ချန်းကျိုးမြို့သို့ သွားရောက်စစ်ဆေးလေ့လာကြည့်ရှုခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည်...
ရှုံအန်း၊ မေ ၁၁ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ၊ နိုင်ငံတော် သမ္မတ ၊ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မေ ၁၀ ရက်က ဟဲပေပြည်နယ် ရှုံအန်းမြို့သစ်ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှုံအန်းမြို့သစ် အရည်အသွေးမြင့် တည်ဆောက်မှု မြှင့်တင်ရေး...
ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအကူအညီဖြင့်ဆောင်ရွက်သော နေရပ်စွန့်ခွာပြည်သူများ(IDPs)အတွက် ပြန်လည်နေရာချထားရေး စီမံကိန်းက မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ပြည်သူ၁,၁၀၀ နီးပါးအပေါ် အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ မေ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတစ်ဝန်းရှိ မော်တော်ယာဉ်များအတွက် ဓာတ်ငွေ့ထုတ်လွှတ်မှု စံနှုန်းများကို ဇူလိုင် ၁ ရက်မှ စတင်၍ ပိုမိုတင်းကြပ်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက မေ ၉ ရက်တွင်ထုတ်ပြန်ခဲ့သည်။ စံချိန်စံညွှန်းပြည့်မီခြင်းမရှိသော မော်တော်ယာဉ်ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း သို့မဟုတ် ရောင်းချခြင်းကို တားမြစ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏...