ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ပျက်ကျ Y-8 လေယာဉ်၏ ကျန်ရှိနေသေးသည့် လေယာဉ်အစိတ်အပိုင်း များအားရှာဖွေရာတွင် လေယာဉ်၏ Fuel Control Unit တစ်ခုအပါအဝင် လေယာဉ်ကိုယ်ထည်အစိတ်အပိုင်းများအား ထပ်မံရှာဖွေ ဆယ်ယူရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ပျက်ကျ Y-8လေယာဉ်ရှာဖွေရေးလုပ်ငန်းကို ရာသီဥတု အခြေအနေပေးသည်နှင့်အမျှ ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) Y-8လေယာဉ်အစိတ်အပိုင်း ဆယ်ယူရာတွင် ထိခိုက်သူနှစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီးသို့ ရောက်ရှိဆေးကုသမှု ခံယူလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ပျက်ကျ တပ်မတော် Y-8လေယာဉ်ရှာဖွေရာတွင် ယနေ့ ဇွန် ၁၅ ရက်နေ့ နံနက် ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရုပ်အလောင်း ၉၀ လောင်းထိရှာဖွေတွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ပျက်ကျ တပ်မတော် Y-8လေယာဉ်ရှာဖွေရာတွင် ယနေ့ ဇွန် ၁၂ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ထိ ရုပ်အလောင်း ၈၃ လောင်းထိရှာဖွေတွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) လောင်းလုံမြို့၏ အနောက်တောင်ဘက် ၂၂ မိုင် ပင်လယ်ပြင် အတွင်း ပျက်ကျသွားသော တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8အား ရှာဖွေမှုတွင် ရုပ်အလောင်း ၆၂လောင်းအထိ ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ ဇွန် ၁၂ရက်နေ့ နံနက် ၉နာရီကျော်တွင် သတင်းထုတ်ပြန်ခဲ့သည်။