Connect with us

Environment, Disasters & Accidents

တပ်မတော် Y-8လေယာဉ် ပျက်ကျမှုမှ ရုပ်အလောင်း ၈၃ လောင်းထိတွေ့ရှိထား

Y-8 လေယာဉ်အား ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ပျက်ကျ တပ်မတော် Y-8လေယာဉ်ရှာဖွေရာတွင် ယနေ့ ဇွန် ၁၂ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ထိ ရုပ်အလောင်း ၈၃ လောင်းထိရှာဖွေတွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

လောင်းလုံဘုတ်ကျွန်းအနီး၌ တပ်မတော်စစ်ရေယာဉ်မှ အမျိုးသားရုပ်အလောင်း ၁ လောင်း၊ မရင်းကြီးကျေးရွာအနီး မြေပြင်တပ်များနှင့် ဒေသခံပြည်သူများက အမျိုးသားရုပ်အလောင်း ၁ လောင်း ထပ်မံရှာဖွေတွေ့ရှိသဖြင့် စုစုပေါင်းရုပ်အလောင်း ၈၃ လောင်း ရှာဖွေတွေ့ရှိထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)