Connect with us

Environment, Disasters & Accidents

တပ်မတော် Y-8လေယာဉ်မှ ရုပ်အလောင်း ၆၂ လောင်းထိရှာဖွေတွေ့ရှိထား

Y-8 လေယာဉ်အား ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

လောင်းလုံမြို့၏ အနောက်တောင်ဘက် ၂၂ မိုင် ပင်လယ်ပြင် အတွင်း ပျက်ကျသွားသော တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8အား ရှာဖွေမှုတွင် ရုပ်အလောင်း ၆၂လောင်းအထိ ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ ဇွန် ၁၂ရက်နေ့ နံနက် ၉နာရီကျော်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ယနေ့ နံနက် ၈ နာရီ ၄၀ မိနစ်၌ လောင်းလုံကျွန်းအနီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသည့် တပ်မတော်စစ်ရေယာဉ် နှစ်စီးက အမျိုးသားရုပ်အလောင်း ၁ လောင်း၊ အမျိုးသမီးရုပ်အလောင်း ၁ လောင်း၊ ကျား/မ မခွဲခြားနိုင်သည့်ရုပ်အလောင်း ၁ လောင်း စုစုပေါင်းရုပ်အလောင်း ၃ လောင်းအား ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် စုစုပေါင်းရုပ်အလောင်း ၆၂ လောင်းတွေ့ရှိပြီးဖြစ်ကြောင်း သိရသည်။ပျက်ကျ Y-8 လေယာဉ်အား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် ဒေသခံငါးဖမ်းစက်လှေများ ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။(Xinhua)