ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ် အမျိုးသားဥပဒေပြုလွှတ်တော်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအား မတ်လ ၁၅ ရက်တွင် ပြုလုပ်သော နှစ်ပတ်လည်အစည်းအဝေးပိတ်ပွဲ၌ အတည်ပြုလိုက်ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဥပဒေပြုလွှတ်တော် ဖြစ်သော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ဒုတိယနှစ်ပတ်လည်အစည်းအဝေး တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးအား မတ်လ ၁၂ ရက် နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) အား ပို၍ ကျယ်ပြန့်သော ပြခန်းဧရိယာနှင့် ပြုလုပ်မည် ဖြစ်ပြီး နိုင်ငံများနှင့် စီးပွားရေးအဖွဲ့အစည်းများ ပိုမိုတက်ရောက်ကြမည် ဖြစ်ကြောင်း စီးပွားရေးဝန်ကြီး ကျုံးဆန်းက မတ်လ ၉ ရက်တွင် ပြောကြားလိုက်သည်။

ပေကျင်း၊ မတ် ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်မှုသည် ကြွေးမြီထောင်ချောက်တစ်ခုဆိုသည်မှာ မှားယွင်းပါကြောင်း၊ ပိုးလမ်းမကြီးလမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများမှ ပြည်သူပြည်သားများအားလုံးအကျိုးစီးပွားဖြစ်ထွန်းစေမည့် စီးပွားရေးအမြတ်အစွန်း သာဖြစ်ကြောင်း ယနေ့ ပေကျင်းမြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံတကာ အမျိုးသမီးများနေ့တွင် လက်ရှိကျင်းပနေသော အစည်းအဝေး နှစ်ခုသို့ တက်ရောက်နေကြသည့် အမျိုးသမီး ဥပဒေပြုအမတ်များ၊ နိုင်ငံရေး အကြံပေးများ၊ အစိုးရဝန်ထမ်းများအပြင် လူမျိုးစုအားလုံးနှင့် အလွှာအသီးသီးမှ အမျိုးသမီးများအားလုံးထံ မတ်လ ၈ ရက်က နှုတ်ခွန်းဆက်ခြင်းနှင့် ဆုမွန်ကောင်းများ ပေးပို့လိုက်ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ဧပြီလနှောင်းပိုင်း၌ ပြုလုပ်မည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်ဖွင့်ပွဲသို့ သမ္မတ ရှီကျင့်ဖိန် တက်ရောက်ကာ မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ်လ ၈ ရက်တွင် ပြောကြားလိုက်သည်။

ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ၊ သမ္မတ ရှီကျင့်ဖိန်သည် ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး၌ ကန်းစုပြည်နယ်မှ ကိုယ်စားလှယ်များအား မတ်လ ၇ ရက် နေ့လယ်ပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (National People’s Congress= NPC) ၏ ဒုတိယနှစ်ပတ်လည် အစည်းအဝေးအား တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မတ်လ ၅ ရက် နံနက်ပိုင်းတွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ပေကျင်း ၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဉာဏပစ္စည်းမူပိုင်ခွင့်(IP) အကာအကွယ်ပေးရေးကို နိုင်ငံအနှံ့တွင် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဉာဏမူပိုင်ခွင့်ချိုးဖောက်မှုများအတွက် နစ်နာမှုဒဏ်ကြေးငွေပေးဆောင်ရေး စနစ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ၎င်းတို့၏ စက်မှုကုန်ထုတ်ပစ္စည်းများအတွက် တီထွင်ဆန်းသစ်မှု နှင့် ဖန်တီးမှုများအတွက် အဆင့်မြှင့်တင်ခြင်းတို့ကို တွန်းအားပေးရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစိုးရအလုပ်အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။