ရန်ကုန် ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးအားရပ်တန့်စစ်ဆေးခဲ့ရာဆာလာအိတ်ဖြင့် ထည့်ထားသည့် ကျပ်သိန်း ၈,၄၀၀ ကျော် တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်းတပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ပုဂံဒေသရှိ ငလျင်ဒဏ်သင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုသည် လေးနှစ်ကျော်ကာလအတွင်း ရာခိုင်နှုန်းအားဖြင့် ၉၉ ရာခိုင်နှုန်း ပြီးစီးသွားပြီ ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ဆင်ဟွာသို့ ယနေ့...
ဟူစတန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟူစတန်မြို့၌ အောက်တိုဘာ ၅ ရက်တွင် အဆောက်အဦ လှေကားခွင်တစ်ခု ပြိုကျမှု ဖြစ်ပွားရာ အနည်းဆုံး လူသုံးဦး သေဆုံးပြီး အခြား တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
ကိုလံဘို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုပြင်ပတွင် လူအစုလိုက်အပြုံလိုက် ကူးစက်မှုမှ လူနာအသစ် ၁၀၀ ကျော်ရှိလာပြီးနောက် အောက်တိုဘာ ၅ ရက်တွင် ရောဂါဖြစ်ပွားသူဦးရေ ၃,၅၀၀ သို့ရောက်ရှိသွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဗျူနိုအေးရိစ်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၈ သိန်းကျော် ရှိပြီဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၅ ရက် ထုတ်ပြန်သည့် အချက်အလက်များအရသိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတဒေါ်နယ်ထရမ့်သည် COVID-19 ရောဂါမှ ပြန်လည်သက်သာကောင်းမွန်လာ၍ တနင်္လာနေ့ ညနေပိုင်းတွင် ဆေးရုံမှ ပြန်ဆင်းခွင့် ရသွားပြီဖြစ်သော်လည်း ၎င်းအားကုသပေးခဲ့သည့် ဆရာဝန်များအနက်တစ်ဦးက “လုံးဝစိတ်ချရသော အနေအထားမဟုတ်သေးကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။
ဟွမ်ဆန်း၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) ယူနက်စကို ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ဟွမ်ဆန်းတောင်တန်းသည် တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသ အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့တွင် တည်ရှိသည်။ဟွမ်ဆန်းတောင်သည် ကြီးမားသည့် ကျောက်ဆောင်များ ၊ နှစ်ရှည်ထင်းရှူးပင်ကြီးများနှင့် တိမ်ပင်လယ်စသည့် သဘာဝအလှမြင်ကွင်းကြောင့် နာမည်ကျော်ကြားကြောင်း သိရသည်။ (Xinhua)
ရှန်ဟိုင်း၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) ရှန်ဟိုင်း ယန်ဆန်း ရေနက်ဆိပ်ကမ်း စတုတ္ထ တည်ဆောက်မှုအပိုင်းသည် ကမ္ဘာ့ အကြီးဆုံး အလိုအလျောက် ကွန်တိန်နာ တင်ချ ဆိပ်ကမ်းဖြစ်ရာ သုံးနှစ်ကျော်ကြာ လည်ပတ်ပြီးဖြစ်ကြောင်း သိရသည်။အဆိုပါ တည်ဆောက်မှုစီမံကိန်းတွင် တရုတ်နိုင်ငံ၏ဒီဇိုင်းရေးဆွဲမှုနှင့် အလိုအလျောက် စီမံထိန်းချုပ်မှု စက်ပစ္စည်း၊ ပြည်တွင်း တီထွင်ဖန်တီးထားသော အလိုအလျောက်...
အန်းဟွေး၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) စုစုပေါင်းအရှည် ၂၆၅ ကီလိုမီတာ ရှိသည့် ဟန်ကျိုး-ဟွမ်ဆန်း မြန်နှုန်းမြင့်ရထားလမ်းသည် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့နှင့် အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့ ကို ချိတ်ဆက်ထားသည်။ “ရွှေရောင်ခရီးသွား ရထားလမ်း(Golden Tourist Railway)”ဟု ခေါ်ဝေါ်ကြသည့် အဆိုပါရထားလမ်းဖြင့် ဟန်ကျိုးမြို့မှ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်သည့်...
ကိုင်ရို၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) အီဂျစ် ခရီးသွားလာရေးနှင့် ရှေးဟောင်းအမွေအနှစ်ထိမ်းသိမ်းရေးဦးစီးဌာနက အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုအနီးတစ်ဝိုက်တွင် အောက်တိုဘာ ၃ ရက် က သက်တမ်း နှစ်ပေါင်း၂,၅၀၀ နီးပါးရှိ ကောင်းမွန်စွာ ထိန်းသိမ်းစီမံထားသော သစ်သား မံမီရုပ် ခေါင်းတလား ၅၉ ခု တူးဖော်တွေ့ရှိခဲ့ကြောင်းသိရသည်။...