Connect with us

WORLD

 အာဂျင်တီးနားနိုင်ငံတွင် ကိုဗစ် အတည်ပြုလူနာစုစုပေါင်း ၈ သိန်းကျော် ရှိလာ

အာဂျင်တီးနားနိုင်ငံဗျူနိုအေးရိစ်ရှိကိုဗစ် ကာကွယ်ဆေးသုတေသန ဓါတ်ခွဲခန်းတစ်ခုအားဩဂုတ် ၁၄ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဗျူနိုအေးရိစ်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၈ သိန်းကျော် ရှိပြီဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၅ ရက် ထုတ်ပြန်သည့် အချက်အလက်များအရသိရသည်။ 

ယင်းနေ့တွင် လူနာသစ် ၁၂,၂၄၂ ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ ၈၀၉,၇၂၈ ဦး ၊ အသစ်သေဆုံးသူ ၄၅၂ ဦးနှင့် စုစုပေါင်းသေဆုံးသူ ၂၁,၄၆၈ ဦး၊ ရောဂါသက်သာပျောက်ကင်းသူစုစုပေါင်း ၆၄၉,၀၁၇ ဦးရှိကြောင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ၂၄ နာရီ အတွင်းဓါတ်ခွဲနမူနာပေါင်း ၂၀,၂၆၃ ခုစစ်ဆေးခဲ့ခြင်းဖြစ်ပြီး လက်ရှိ အာဂျင်တီးနားတစ်နိုင်ငံလုံးတွင် ရောဂါပြင်းထန်၍ ICU တွင် ကုသမှုခံယူနေသည့် ကိုဗစ်လူနာ ၃,၉၇၈ ဦးရှိကြောင်းသိရသည်။ 

မြို့တော် ဗျူနိုအေးရိစ်တွင် ကပ်ရောဂါအခြေအနေပြန်လည် ကောင်းမွန်လာသည့် အနေအထားရှိသော်လည်း ကုန်းတွင်းပိုင်းပြည်နယ်အချို့တွင် လူနာသစ် တိုးပွားလာမှုနှုန်းမြင့်တက်လာသည်။ ဗျူနိုအေးရိစ်မြို့အစိုးရက စားသောက်ဆိုင်များ၏ အခန်းအတွင်းထိုင်စရာနေရာ ၂၅ ရာခိုင်နှုန်းပြန်လည်ဖွင့်လှစ်ရန်၊ အရောင်းကုန်တိုက်ကြီးများ ၊ Gym များကို လူအရေအတွက်အကန့်အသတ် social distance ဖြင့်ပြန်လည် ဖွင့်လှစ်မှုများအပါအဝင် ပိုမိုများပြားသောစီးပွားရေးလုပ်ငန်းများကိုဖွင့်လှစ်ရန် စဉ်းစားနေကြောင်းသိရသည်။

တုပ်ကွေးဗိုင်းရပ်စ် ကူးစက်မှုကိုကုသသည့် ဆေးနှစ်မျိုးအာဂျင်တီးနားနိုင်ငံပြည်တွင်းတွင် ထုတ်လုပ်လျက်ကြောင်း၊ ကိုဗစ်ရောဂါ လက်တွေ့ကုသမှုတွင် ထိရောက်သည့် အထောက်အထားများရှိကြောင်းနှင့် ယင်းဆေး ၂ မျိုးကို ယခု လကုန်ပိုင်းခွင့်ပြုချက်ရဖွယ်ရှိကြောင်း အာဂျင်တီးနားနိုင်ငံကျန်းမာရေးဝန်ကြီး González García ကစက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.