Connect with us

WORLD

ထရမ့် ဆေးရုံကဆင်းပြီ ၊ “စိတ်ချရသော အနေအထားမဟုတ်သေး” ဟု ဆရာဝန်များပြောကြား

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အား မတ် ၅ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတဒေါ်နယ်ထရမ့်သည် COVID-19 ရောဂါမှ ပြန်လည်သက်သာကောင်းမွန်လာ၍ တနင်္လာနေ့ ညနေပိုင်းတွင် ဆေးရုံမှ ပြန်ဆင်းခွင့် ရသွားပြီဖြစ်သော်လည်း ၎င်းအားကုသပေးခဲ့သည့် ဆရာဝန်များအနက်တစ်ဦးက “လုံးဝစိတ်ချရသော အနေအထားမဟုတ်သေးကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နှာခေါင်းစည်းတပ်ဆင်ထားသော ထရမ့်သည် မယ်ရီလန်းပြည်နယ် Bethesda ရှိ Walter Reed အမျိုးသားစစ်ဆေးရုံမှ အိမ်ဖြူတော်သို့ Marine One ရဟတ်ယာဉ်ဖြင့် ပြန်လည် မထွက်ခွာမီ သတင်းထောက်များအား လက်မထောင်၍ နှုတ်ဆက်ခဲ့သည်။

သမ္မတအားထောက်ခံသည့် လူအုပ်စုကြီးတစ်ခုကလည်း Walter Reed ဆေးရုံအပြင်ဖက်တွင် စုဝေး၍ ၎င်းအား နှုတ်ဆက်ခဲ့ကြသည်။ ထိုသို့မထွက်ခွာမီ ထရမ့်က သမ္မတ ဒုတိယသက်တမ်းအတွက် ၎င်း၏ ပြိုင်ဖက် ဒီမိုကရက်တစ်ပါတီမှ ယခင် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်အား “ မဲဆွယ်စကားစစ်ထိုးပွဲကို မကြာခင်ပြန်လာမယ်” ဟု တွစ်တာမှတစ်ဆင့် စိန်ခေါ်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အား ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိမ်ဖြူတော်ဆရာဝန် Sean Conley က အစောပိုင်းတွင် သတင်းထောက်များအားပြောကြားရာ၌ ထရမ့်အနေဖြင့် လာမည့် ၂၄ နာရီအတွင်း  “ တိုးတက်ကောင်းမွန်အောင်ဆက်လုပ်ရမှာပါ ” ၊ “ ဆေးရုံက ဆင်းခွင့်ရတဲ့ သတ်မှတ်ချက်စံနှုန်းအားလုံးကို ပြည့်မီဖို့ ဒါမှမဟုတ်ရောက်ရှိဖို့ပေါ့” ၊ သို့သော်လည်း သမ္မတက “ လုံးဝစိတ်ချရသော အနေအထားမဟုတ်သေးသည်” ကို အသိအမှတ်ပြုကြောင်း ၎င်းကဆိုသည်။

“ ကျွန်တော်နဲ့အဖွဲ့ကတော့ သူ့ကို အားလုံးပြန်စောင့်ကြည့်ဖို့ သဘောတူကြတယ်။ အရေးကြီးဆုံးအချက်ကတော့ သူရဲ့တစ်ကိုယ်ရေကျန်းမာရေးက သူ့ကို အိမ်ပြန်ဖို့ အထောက်အပံ့ဖြစ်စေသလို အဲဒီမှာလည်း  သူဟာ ကမ္ဘာ့အဆင့် ကျန်းမာရေးစောင့်ရှောက်မှုကို ၂၄ နာရီတစ်ပတ်လုံး(24/7) ရရှိနေမှာဖြစ်ပါတယ်” ဟု ဆရာဝန်ကဆိုသည်။

ထရမ့်သည် အောက်တိုဘာ ၁ ရက်တွင် COVID-19 ရောဂါကူးစက်ခံရကြောင်း ပထမဆုံးစစ်ဆေးတွေ့ရှိခဲ့သည်။ နောက်တစ်ရက်တွင် သူသည် Walter Reed ဆေးရုံသို့တက်ရောက်ကုသမှုခံယူခဲ့ရပြီး အမေရိကန်နိုင်ငံ ဇီဝဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သော Gilead Science မှ ထုတ်လုပ်သည့် COVID-19 ဆေးတစ်မျိုး Remdesivir ကို အသုံးပြု၍ ကုသမှုခံယူခဲ့သည်။

“ ကျနော်တို့ရဲ့အစီအစဉ်က အိမ်ဖြူတော်ကို မပြန်ခင် ဒီနေ့ညနေမှာ သူ့ကို Remdesivir ဆေးရဲ့လေးကြိမ်မြောက် ကုသမှုပေးဖို့ပါ ၊ ပြီးတော့ ငါးကြိမ်မြောက် နဲ့ နောက်ဆုံးအကြိမ် (ခြောက်ကြိမ်မြောက်) အတွက် မနက်ဖြန်ညနေမှာ အိမ်ဖြူတော်မှာ ထိုးပေးဖို့ စီစဉ်ထားပါတယ်” ဟု ထရမ့်၏ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဝင် နှင့် လည်ချောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး Brian Garibaldi က အောက်တိုဘာ ၅ ရက်တွင်ပြောကြားခဲ့သည်။

ထရမ့်သည် အမေရိကန်နိုင်ငံ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Regeneron မှ စမ်းသပ်ထုတ်လုပ်ထားသည့်  ခန္ဓာကိုယ်ခုခံအားစနစ် ထုတ်ပေးသော ဆေးဝါးတစ်မျိုး ကိုလည်း ထိုးနှံ့ခဲ့ကြောင်း ၊ ယင်းဆေးသည် COVID-19 ပြင်းထန်လူနာများအတွက် အသုံးပြုသော ဆေးဝါးတစ်မျိုးဖြစ်ကြောင်း သိရသည်။

သမ္မတထရမ့်သည် အိမ်ဖြူတော်ပြန်ကြားရေးအရာရှိ Kayleigh McEnany ကိုဗစ်ရောဂါကူးစက်ခံရကြောင်း ထုတ်ပြန်ပြီး နာရီအနည်းငယ်အကြာတွင် အိမ်ဖြူတော်သို့ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အိမ်ဖြူတော် နှင့် ဆက်စပ်မှုရှိသူများ သို့မဟုတ် သမ္မတထရမ့်နှင့် ဆက်စပ်မှုရှိသူများ အရေအတွက် ဒါဇင်နှင့်ချီ၍ ဗိုင်းရပ်စ်ကူးစက်ခံထားရပြီးဖြစ်ကြောင်းလည်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117