Connect with us

Videos

တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသ “ရွှေရောင် ခရီးသွား ရထားလမ်း”၏ ဝေဟင်ထက်မှ မြင်ကွင်းများ 

အန်းဟွေး၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) 

စုစုပေါင်းအရှည် ၂၆၅ ကီလိုမီတာ ရှိသည့် ဟန်ကျိုး-ဟွမ်ဆန်း မြန်နှုန်းမြင့်ရထားလမ်းသည် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့နှင့် အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့ ကို ချိတ်ဆက်ထားသည်။ “ရွှေရောင်ခရီးသွား ရထားလမ်း(Golden Tourist Railway)”ဟု ခေါ်ဝေါ်ကြသည့် အဆိုပါရထားလမ်းဖြင့် ဟန်ကျိုးမြို့မှ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်သည့် ဟွမ်ဆန်းတောင်သို့ အချိန် ၁ နာရီခွဲဖြင့် အရောက်သွားနိုင်ကြောင်း သိရသည်။

ထိုသို့ သွားရောက်လည်ပတ်ရာတွင် ရထားလိုက်ပါစီးနှင်းသော ခရီးသွားများသည် ခရီးလမ်းတစ်လျှောက်ရှိ ရှုခင်းသာခရီးသွားနေရာများဖြစ်သည့် ဖူချွန်း မြစ်၊ ထျန်းမု တောင်၊ ချန်းသောင် ရေကန်နှင့် ချွန်းအန်းခရိုင်ရှိ ဝါးရိပ်သစ်တောစသည့်နေရာများကို တက်ဆင်း လည်ပတ်နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.