ရှင်းကျန်း၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) ကာဇက်စတန်နိုင်ငံနှင့်ထိစပ်နေသည့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟော့အယ်ကော်စ်(Horgos)နယ်စပ်ဂိတ်တွင် ယခုနှစ်အတွင်း တရုတ်-ဥရောပ ကုန်တင်ရထားသွားလာမှု တိုးများ လာခဲ့ကြောင်း သိရသည်။ ယခုနှစ် ဇန်နဝါရီလ မှ ဇူလိုင်လအထိ စုစုပေါင်း ကုန်တင်ရထား ၂,၂၄၀ စင်းသည် ကုန်တန်ချိန် ၃.၃သန်းကျော်ကို သယ်ဆောင်၍...
အတွင်းမွန်ဂိုလီးယား၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသ Bayannur တွင် နေကြာပန်းများလှိုင်လှိုင်ပွင့်လန်းလျက်ရှိရာ ယင်း ပန်းအလှရှုခင်းများသည် ခရီးသွားများအား စွဲဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
လော့အိန်းဂျလိစ် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်၌ လွန်ခဲ့သောတစ်ပတ်ကျော်ခန့်က မိုးကြိုးပစ်ခံရာမှတစ်ဆင့် တောမီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့ရာ ဩဂုတ် ၈ ရက် နံနက်ပိုင်းထိ မြေဟက်တာ ၂၀,၀၉၈ (၈၁.၃ စတုရန်း ကီလိုမီတာ) ထိ မီးလောင်ကျွမ်းသွားခဲ့ပြီး လုံးဝ ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
စင်ကာပူ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံသားများအနေဖြင့် စီးပွားရေး ဆိုးဝါးစွာ ဆုတ်ယုတ်လာမှုကို ရင်ဆိုင်ဖြေရှင်းရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းက ဩဂုတ် ၉ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ဝူးလူမုချီ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ဩဂုတ် ၈ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအထိ COVID-19ရောဂါ အသစ်ထပ်တိုးလူနာ ၁၅ ဦးရှိပြီး လက္ခဏာမပြ ရောဂါကူးစက်သူ မရှိကြောင်း၊၎င်းတို့အားလုံးသည် ဝူးလူမုချီမြို့မှ ဖြစ်ကြောင်း ယင်းဒေသ ကျန်းမာရေးကော်မရှင်၏ နောက်ဆုံး...
ကိပ်တောင်း၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) ယခုကာလများတွင် ဘောစ့်ဝမ်နာနိုင်ငံ၌ ဆင်ကောင်ရေ ရာနှင့်ချီ ထူးဆန်းစွာ သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းမှာ ၎င်းတို့အား လူက အစာအဆိပ်ပစ်ခြင်း၊ ဥပဒေမဲ့ အမဲလိုက်ခြင်း၊ အစာငတ်မွတ်ခြင်း၊ထောင့်သန်းရောဂါ(Anthrax)ကူးစက်ခံရခြင်း စသည့် အကြောင်းအရာများ ဖြစ်နိုင်ခြေ အခြေခံအားဖြင့် မရှိကြောင်း ပြီးခဲ့သည့်ရက်များတွင် နိုင်ငံတကာ ပညာရှင်ဖွဲ့တစ်ဖွဲ့က အာဖရိကတောရိုင်းတိရစ္ဆာန်သုတေသန...
ရန်ကုန် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများကို ယခုအခါတွင် နိုင်ငံတော် ဓာတ်အားစနစ်မှ ၂၄ နာရီပတ်လုံး ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ပြီ ဖြစ်သဖြင့် ဒေသရှိ ပြည်သူလူထုများ၏ လူမှုစီးပွားဘဝ ပိုမို ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရ အဖွဲ့ လျှပ်စစ် ၊...
ပေကျင်း၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) ဩဂုတ် ၈ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအထိ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ၊ သံသယလူနာနှင့်လက္ခဏာမပြရောဂါကူးစက်သူ မရှိကြောင်း ပေကျင်းမြို့ ကျန်းမာရေးကော်မရှင်၏ ဩဂုတ် ၉ ရက် ထုတ်ပြန်ချက်များအရ သိရသည်။
ဘေရွတ်၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်တွင် ဩဂုတ် ၈ ရက်က ဆန္ဒပြလှုပ်ရှားမှုကြီး ဖြစ်ပွားခဲ့ရာ ဆန္ဒပြသူနှင့် ရဲတပ်ဖွဲ့အကြား ပြင်းထန်သည့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ၊အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး ၂၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။