တက်ဂူလ်စီလ်ဂါပါ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Juan Orlando Hernandez က ၎င်းနှင့် ဇနီး Ana Garcia တို့နှစ်ဦးလုံးတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း ဇွန် ၁၆ ရက်က နိုင်ငံသို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းကြေညာခဲ့သည်။
ပေကျင်း၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) Sinovac Biotech လီမိတက်က ၎င်းတို့၏ CoronaVac ဟု အမည်ပေးထားသော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လူသားများတွင် စမ်းသပ်မှုများအရ ဆိုးဝါးသည့် ဘေးထွက်ဆိုးကျိုးမဖြစ်စေဘဲ ကိုယ်ခံစွမ်းအားတုံ့ပြန်မှုတစ်မျိုးကို ထုတ်ပေးနိုင်စွမ်းရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) စီးပွားရေးပြန်လည်နိုးထရန် အလားအလာ အမေရိကန်တွင် မသေချာမှုများ အလွန်များနေကြောင်း၊ အထူးသဖြင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၊ ဝင်ငွေနည်းလူတန်းစားနှင့် လူနည်းစု ပြည်ပနွယ်ဖွားများ အခက်ပို၍ ကြုံရမည်ဖြစ်ကြောင်း အမေရိကန် ဗဟိုဘဏ်ဥက္ကဌ Jerome Powell က ဇွန် ၁၆ ရက်တွင် သတိပေး...
ယူနန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ်ရှိ အကြီးဆုံးကုန်းပြင်မြင့်ရေအိုင်ကြီးများအနက်တစ်ခု အပါအဝင် ဖြစ်သည့် အယ်ဟိုင်ရေကန်၏ ပန်းချီကားဆန်သည့်အလှအပ မြင်ကွင်းဖြစ်သည်။ ၎င်းရေအိုင်ကြီးသည် ပင်လယ်ရေမျက်နှာပြင်အထက် ၁,၉၇၂ မီတာတွင်တည်ရှိပြီး အကျယ်အဝန်း စတုရန်းကီလိုမီတာ ၂၅၀ ရှိကြောင်းသိရသည်။ (Xinhua)
ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် မန္တလေး-လားရှိုးသွားကားလမ်းပိုင်း၏ ပြည်ထောင်စုလမ်းမကြီး ဂုတ်တွင်းလမ်းပိုင်း၊ မိုင်တိုင်အမှတ်(၈၃/၈၄)ကြားတွင် ယနေ့ နံနက် ၃နာရီခွဲက Express ခရီးသည်တင်ယာဉ်(၁)စီး ဘရိတ်ပေါက်၍ တောင်ပတ်လမ်းအောက်ကွေ့သို့ ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ လူ ၃ဦးသေဆုံးပြီး အခြား ၁၃...
ပေကျင်း ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) တရုတ်လူမျိုးတို့၏ ဂျုံမုန့်ဖြင့် ငါး နှင့် ပန်းပွင့် ပုံသဏ္ဍာန် ဖန်တီးပုံဖော်နိုင်မှုစွမ်းရည်များကို တွေ့မြင်ခံစားရန် ရိုက်ကူးတင်ဆက်ခြင်း ဖြစ်ပါသည်။ (Xinhua)
ပြုံယမ်း ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) က ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ယခင်-စစ်မဲ့ဇုန် (Kaesong စက်မှုဇုန်) နှင့် Kumgang တောင်တန်းဒေသများတွင် မကြာမီကာလအတွင်း တပ်ချထားမည်ဖြစ်ကြောင်း ယနေ့ ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ၏ အရှေ့မြောက်ဘက် ၅ မိုင်ခန့် အကွာတွင် ယနေ့ညနေက အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း၊ ပျက်ဆီးဆုံးရှုံးမှုစာရင်းအားစုံစမ်းနေဆဲဖြစ်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်သတင်းထုတ်ပြန်ရေးဌာန...
နယူးယောက်၊ ဇွန် ၁၆ ရက်(ဆင်ဟွာ) န် ၁၅ ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်း စံတော်ချိန် (EST) ၁၈ နာရီ ၄၅ မိနစ်အထိ တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါဖြစ်ပွားသူ စုစုပေါင်း ၈,၀၀၃,၀၂၁ ဦးရှိပြီး သေဆုံးသူ ၄၃၅,၆၁၉ ဦး ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏...