Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ် ဂုတ်တွင်းလမ်းပိုင်း၌ ခရီးသည်တင်ယာဉ်တစ်စီး တောင်ပတ်လမ်းအောက်ပြုတ်ကျ ၊ လူ၃ဦးသေဆုံး ၁၃ ဦး ဒဏ်ရာရရှိ

ဂုတ်တွင်းလမ်းပိုင်း၌ ခရီးသည်တင်ယာဉ်တစ်စီး တောင်အောက်ပြုတ်ကျပြီး တိမ်းမှောက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် မန္တလေး-လားရှိုးသွားကားလမ်းပိုင်း၏ ပြည်ထောင်စုလမ်းမကြီး ဂုတ်တွင်းလမ်းပိုင်း၊ မိုင်တိုင်အမှတ်(၈၃/၈၄)ကြားတွင် ယနေ့ နံနက် ၃နာရီခွဲက Express ခရီးသည်တင်ယာဉ်(၁)စီး ဘရိတ်ပေါက်၍ တောင်ပတ်လမ်းအောက်ကွေ့သို့ ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ လူ ၃ဦးသေဆုံးပြီး အခြား ၁၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ပေးနေသော မီးသတ်ဦးစီးဌာနထံမှ သိရသည်။

” ဟိုးအပေါ်ကနေ ကုလားမကွေ့အထိပြုတ်ကျလာတာ၊ ယာဉ်တစ်စီးလုံးကျေသွားတယ်၊ ဒဏ်ရာရတဲ့လူတွေလည်းများတယ်၊ မင်းသားကြီးယာဉ်လိုင်းက ကား၊ ခု ကယ်ဆယ်ရေးဆောင်ရွက်ပြီးလို့ အဆင်းကားတွေ ပြန်လွှတ်နေပါပြီ”  ဟု ယာဉ်တိမ်းမှောက်မှုတွင် ဒဏ်ရာရသူများအား ကယ်ဆယ်ရေးဆောင်ရွက်ပေးနေသည့် ဖြူစင်မေတ္တာပရိဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဂုတ်တွင်းလမ်းပိုင်း၌ ခရီးသည်တင်ယာဉ်တစ်စီး တောင်အောက်ပြုတ်ကျပြီး တိမ်းမှောက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

ဂုတ်တွင်းလမ်းပိုင်း၌ ခရီးသည်တင်ယာဉ်တစ်စီး တောင်အောက်ပြုတ်ကျပြီး တိမ်းမှောက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် (၁၆)ဦးအနက် ကျား(၂)ဦး၊ မ(၁)ဦး စုစုပေါင်း(၃)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရှိသူ ကျား(၈)ဦး၊ မ(၅)ဦး စုစုပေါင်း(၁၃)ဦး ရှိကြောင်း နှင့် ဒဏ်ရာရရှိသူများအား နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.