အင်္ဂလန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ပြည်သူများအနေဖြင့် စက်တင်ဘာလတွင် ရရှိနိုင်မည်ဖြစ်ကြောင်း၊ အောက်စ်ဖို့ထ် တက္ကသိုလ်မှ ပါမောက္ခတ ဆာရာ ဂေးလ်ဘာ့ထ် ဦးဆောင်သော သုတေသီအဖွဲ့သည် ကာကွယ်ဆေး ထုတ်လုပ်ရန်ကြိုးပမ်းလျှက်ရှိကြောင်း၊ ကာကွယ်ဆေးနမူနာကို လူသားများနှင့် မကြာမီ သတင်းပတ်များအတွင်း စတင်စမ်းသပ်သွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ဆိုသည်။ ၎င်း...
ချင်းဟိုင်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ်ရှိ ချာကာဟုအမည်ရသော ဆားကန်၏ အလှအပများဖြစ်သည်။ ၎င်းနေရာသည် ဖြူဖွေးကြည်လင်သည့် နှင်းခဲမျက်နှာပြင် နှင့်အတူ ကြည်လင်ပြာလဲ့နေသည့် ရေပြင်ရှိသောကြောင့် ကောင်းကင်မြင်ကွင်းဟုပင် တင်စားခေါ်ဝေါ်ရလောက်အောင် လှပကြောင်း သိရသည်။ (Xinhua)
ပေကျင်း၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) COVID-19 သည် လက်ရှိတွင် တစ်ကမ္ဘာလုံး ကူးစက်ပျံ့နှံ့လျှက်ရှိသည်။ ပြည်သူများအနေဖြင့် တစ်ဦးမှတစ်ဦးထံသို့ ရောဂါ ကူးစက်ခံရမှုမရှိစေရန် တတ်နိုင်သမျှ မိမိတို့၏ နေအိမ်၌ပင်နေထိုင်ကြရန် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ညွှန်ကြားထားသည်။ သို့ရာတွင် မလွှဲမရှောင်သာ ခရီးသွားလာရန် လိုအပ်သူများအတွက် တတ်နိုင်သမျှ ဘေးကင်းစိတ်ချမှုရှိသည့် သွားလာခြင်းမျိုးဖြစ်စေရန်...
နေပြည်တော်၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု ကာကွယ် တားဆီးရေး အတွက် မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှ တစ်ဆင့် လူ ဝင် – ထွက်ခွင့် ရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်...
နယူးဒေလီ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တွင် COVID-19 ကြောင့် သေဆုံးသူ ၃၀၈ ဦးအထိမြင့်တက်ခဲ့ပြီး၊ အတည်ပြုလူနာ စုစုပေါင်း ၉,၁၅၂ ဦးရှိကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က ဧပြီ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ပေးပို့လာသော COVID 19 သံသယလူနာများ၏ ဓာတ်ခွဲနမူနာများကို လက်ရှိကမ္ဘာတစ်ဝှမ်း အသုံးပြုလျှက်ရှိသော Polymerase Chain Reaction (PCR) နည်းပညာ ဖြင့် နေ့စဉ်ပိတ်ရက်မရှိ စစ်ဆေးလျှက်ရှိရာ ယခုအခါ နေ့စဉ် ဓာတ်ခွဲနမူနာ...
တိုကျို ၊ဧပြီ ၁၃ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံတွင် ဧပြီ ၁၂ ရက် ဒေသစံတော်ချိန် ၂၂ နာရီအထိ အသစ်ထပ်တိုးအတည်ပြုလူနာ ၅၀၀ ဦး ရှိခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ ၇,၄၂၃ ဦး ရှိသွားပြီဖြစ်ကြောင်း NHK ရုပ်သံ သတင်းဌာန၏စာရင်းများအရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) လုံလောက်သည့်အဆင့်ရှိသည့် Quarantine နေရာများ ရှာရန် နှင့် တည်ဆောက်ရန်မှာ အကြီးဆုံးစိန်ခေါ်မှုဟု မြင်ကြောင်း ၊ ယင်းကိစ္စကို ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဧပြီ ၁၃ ရက်တွင်...
ပေကျင်း၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်သို့ရောက်ရှိနေသော အာဖရိကနိုင်ငံသားများအတွက် COVID-19 ကာကွယ်ရေးကို တရုတ်နိုင်ငံသားများနည်းတူ တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဧပြီ ၁၂ ရက်တွင် ရှင်းလင်းပြောကြားခဲ့သည်။
ဟနွိုင်း၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂ ဦး ထပ်မံတိုးခဲ့ပြီး ယခုအခါ ဗိုင်းရပ် ကူးစက်ခံရသူစုစုပေါင်း ၂၆၂ ဦးထိ ရှိလာကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၃ ရက် နံနက် တွင် ထုတ်ပြန်ခဲ့သည်။