Connect with us

Videos

ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး စက်တင်ဘာလတွင် စတင် ရရှိနိုင်မည် 

အင်္ဂလန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) 

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ပြည်သူများအနေဖြင့် စက်တင်ဘာလတွင် ရရှိနိုင်မည်ဖြစ်ကြောင်း၊ အောက်စ်ဖို့ထ် တက္ကသိုလ်မှ ပါမောက္ခတ ဆာရာ ဂေးလ်ဘာ့ထ် ဦးဆောင်သော သုတေသီအဖွဲ့သည် ကာကွယ်ဆေး ထုတ်လုပ်ရန်ကြိုးပမ်းလျှက်ရှိကြောင်း၊ ကာကွယ်ဆေးနမူနာကို လူသားများနှင့် မကြာမီ သတင်းပတ်များအတွင်း စတင်စမ်းသပ်သွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ဆိုသည်။ 

၎င်း ကာကွယ်ဆေးသည် အောင်မြင်မှုရစေရန် ၈၀ ရာခိုင်နှုန်းသေချာသလောက်ရှိနေပြီဖြစ်ကြောင်း နှင့် ၎င်းတို့အဖွဲ့၏ အခြားသော လုပ်ဆောင်ချက်များအပေါ် အခြေခံ၍ ပါမောက္ခဂေးလ်ဘာ့ထ်က ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။  ပါမောက္ခ ဆာရာဂေးလ်ဘာ့ထ် က “အခု ပြောတဲ့အကြောင်းအရာဟာ ထင်ကြေးသက်သက်တင်မဟုတ်ပါဘူး အချိန်တွေ တဖြည်းဖြည်းကြာလာတာနဲ့အမျှ ကျွန်မတို့ စုဆောင်းရရှိထားတဲ့အချက်အလက်အများစုအပေါ်အခြေခံ ပြောကြားခြင်းဖြစ်ပါတယ်”ဟုဆိုသည်။ အဆိုပါ ကာကွယ်ဆေးသာအမှန်တကယ် အသုံးပြုနိုင်တော့မည်ဆိုပါက အရေအတွက် သန်းပေါင်းများစွာ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ဆိုသည်။ ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူပေါင်း ၁ သိန်းကျော် ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.