ဝူဟန့်၊ မတ် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ပြည်သူ့ဆေးရုံကြီးမှ သူနာပြုဆရာမလေး လီချန်သည် ကျန်းဆူး ပြည်နယ် အမျိုးသား ကျန်းမာရေး ကူညီကယ်ဆယ်မှု အဖွဲ့၏အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီ ၄ ရက်တွင် အဖွဲ့နှင့်အတူ နန်ကျင်းမြို့မှ ဝူဟန့်မြို့ အားကစားခန်းမ ဖောင်းချန်းဆေးရုံကြီးသို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည်။
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) ရန်ကုန်စတော့အိတ်ချိန်း၌ ခြောက်ခု မြောက် စာရင်းဝင်ကုမ္ပဏီတစ်ခု ဖြစ်လာသည့် Ever Flow River Group Public Co., Ltd (EFR)သည် မတ် ၂၀ ရက်မှစတင်ကာ အစု ရှယ်ယာများကို ဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်မည်ဖြစ်...
ဂျီနီဗာ၊ မတ် ၈ ရက်(ဆင်ဟွာ) လက်ရှိတွင် တစ်ကမ္ဘာလုံး၌ COVID-19ရောဂါ အတည်ပြုလူနာ တစ်သိန်းကျော် ရှိပြီဖြစ်ရာ ရောဂါပြန့်ပွားမှု အခြေအနေ အပြောင်းအလဲဖြစ်စေရန်နှင့်လျော့နည်းလာစေရန်အတွက် နိုင်ငံအားလုံးအနေဖြင့် အားကောင်းသည့် ရောဂါ တားဆီးမှုများကို လုပ်ဆောင်ကြရန် တိုက်တွန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မတ် ၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ သည်။
ဂျီနီဗာ၊ မတ် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာနှစ်သောင်းကျော်ပြီဖြစ်ရာ စုစုပေါင်း လူနာ၂၁,၁၁၄ ဦးအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ မတ် ၇ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
နယူးဒေလီ ၊ မတ် ၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန္ဒြာမိုဒီက နိုင်ငံအတွင်း COVID-19 ရောဂါကူးစက်မှုအခြေအနေနှင့်ပတ်သက်၍ အစိုးရအဖွဲ့ဝန်ကြီးအားလုံး နှင့် သက်ဆိုင်ရာဌာနအားလုံးမှ တာဝန်ရှိသူများနှင့်အတူ မတ် ၇ ရက်တွင် အစည်းအဝေးတစ်ခုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ မတ် ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသော ပထမဆုံးလူနာတစ်ဦးကို တွေ့ရှိခဲ့ရကြောင်း မြို့တော်ဝန် Muriel Bowser က မတ် ၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ရှမန်၊ မတ် ၇ ရက် (ဆင်ဟွာ) နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ပဋိပစ္စည်းအတွက် အဖြေကို ၂၉ မိနစ်အတွင်းသိနိုင်သော စမ်းသပ်ကိရိယာတစ်မျိုးအား တရုတ်နိုင်ငံ အမျိုးသား ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များညွန်ကြားမှုဦးစီးဌာနက ခွင့်ပြုလိုက်ကြောင်း စမ်းသပ်ပစ္စည်းတီထွင်သူက မတ် ၇ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ဖေဖော်ဝါရီလလယ် မှ မေလလယ် အထိသည် မြန်မာနိုင်ငံအနှံ့အပြားတွင်လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်သည့်ကာလဖြစ်သည့် အတွက် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၏ Hot line ဖုန်းများအား ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်ထွေးကြည်က...