Connect with us

Local

ရန်ကုန်စတော့အိတ်ချိန်း၌ ခြောက်ခု မြောက် စာရင်းဝင်ကုမ္ပဏီ က မတ် ၂၀ ရက်မှ စ၍ အစုရှယ်ယာများရောင်းချမည် 

ရန်ကုန်စတော့အိတ်ချိန်း၌ ခြောက်ခု မြောက် စာရင်းဝင်ကုမ္ပဏီတစ်ခု ဖြစ်လာသည့် Ever Flow River Group Public Co., Ltd (EFR) နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (ဓာတ်ပုံ--YSX)

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

ရန်ကုန်စတော့အိတ်ချိန်း၌ ခြောက်ခု မြောက် စာရင်းဝင်ကုမ္ပဏီတစ်ခု ဖြစ်လာသည့် Ever Flow River Group Public Co., Ltd (EFR)သည် မတ် ၂၀ ရက်မှစတင်ကာ အစု ရှယ်ယာများကို ဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်မည်ဖြစ် ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။ 

ဘက်စုံထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းနယ်ပယ်မှ ပထမဆုံး စာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်လာသည့် EFR ၏ အစုရှယ်ယာဈေးနှုန်းကို ဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်ရန် တစ်ရက်အလိုဖြစ်သည့် မတ် ၁၉ ရက်၌ ရန်ကုန်စတော့ အိတ်ချိန်း၏ အင်တာနက်စာမျက်နှာ မှ ကြေညာမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန် စတော့အိတ်ချိန်း၌ လက်ရှိတွင် First Myanmar Investment Public Company, Myanmar Thilawa SEZ Holding Public Limited, Myanmar Citizens Bank, First Private Banks, THM Telecom တို့သည် စာရင်းဝင်ကုမ္ပဏီ များအဖြစ် အရောင်းအဝယ် ပြုလုပ် လျက်ရှိကြောင်း သိရသည်။  (Xinhua)