Connect with us

Social, Education & Health

တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ရောဂါအတွက် ၂၉ မိနစ်အတွင်း အဖြေသိနိုင်သော စမ်းသပ်ကိရိယာကို ခွင့်ပြု

တရုတ်နိုင်ငံ ဝူဟန့်မြို့ရှိ ဓာတ်ခွဲခန်းတစ်ခုအတွင်း အလုပ်လုပ်နေကြသော ဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ရှမန်၊ မတ် ၇ ရက် (ဆင်ဟွာ)

နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ပဋိပစ္စည်းအတွက် အဖြေကို ၂၉ မိနစ်အတွင်းသိနိုင်သော စမ်းသပ်ကိရိယာတစ်မျိုးအား တရုတ်နိုင်ငံ အမျိုးသား ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များညွန်ကြားမှုဦးစီးဌာနက ခွင့်ပြုလိုက်ကြောင်း စမ်းသပ်ပစ္စည်းတီထွင်သူက မတ် ၇ ရက်တွင် ပြောကြားလိုက်သည်။

ရှမန်တက္ကသိုလ်က ဦးဆောင်သော သုတေသနအဖွဲ့တစ်ဖွဲ့က တီထွင်သည့် အဆိုပါ စမ်းသပ်ကိရိယာကို လက်တွေ့ကုသမှုများ၊ သံသယလူနာများနှင့် ရောဂါကူးစက်နိုင်ခြေမြင့်မားသောအုပ်စုများကို စောင့်ကြည့်ခြင်းများအတွက် အသုံးပြုနိုင်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ရှေ့တန်းမှ လုပ်ဆောင်နေသော ကျန်းမာရေးအဖွဲ့များ၏ အချိန်တိုအတွင်းစမ်းသပ်မှုတွင် တိုးတက်မှုရှိစေနိုင်ကြောင်း သိရသည်။

ယင်း စမ်းသပ်ကိရိယာကို ဝူဟန့်မြို့ရှိ ဆေးရုံများ၌ လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ Nucleic acid စမ်းသပ်မှုများနှင့် ပဋိပစ္စည်းရှာဖွေမှု ပေါင်းစပ်ခြင်းက ရောဂါတွေ့ရှိမှုနှုန်းအပေါ် တိုးတက်မှုရှိကြောင်း သိရသည်။စမ်းသပ်ကိရိယာတီထွင်သူ၏ အဆိုအရ COVID-19 အတွက် ပဋိပစ္စည်းဆိုင်ရာ ဓာတ်စမ်းပစ္စည်း သုံးမျိုးကို ဥရောပသမဂ္ဂက ခွင့်ပြုထားပြီးဖြစ်ပြီး အီတလီ၊ ဩစတြီးယားနှင့် နယ်သာလန် နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117