နေပြည်တော်၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) ၂၀၁၃ မတ်၂၂ ရက် တွင်ပြည်ထောင်စု လွှတ်တော်က ပြဌာန်းခဲ့ပြီး ၂၀၁၃ ဇူလိုင်၁၂ ရက် တွင် နည်းဥပဒေများထွက်ရှိကာ အသက်ဝင်ခဲ့သည့် အနည်းဆုံး အခကြေးငွေ ဥပဒေ (၂၀၁၃) ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော် လူဝင်မှု...
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိပြီး ၊ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပုရွက်ဆိပ်ကုန်း-ရေကူး-ပုဇွန်တောင် အပြင် လမ်းပိုင်းကို ဆက်လက် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုများ ဆောင်ရွက်ပြီးစီးပါကတစ်ရက်လျှင် ခရီးသွား နှစ်သိန်းခွဲပို့ဆောင်နိုင်ရန် ရည်မှန်း ထားကြောင်း ဇန်နဝါရီ ၃၀ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။
ဟန်ကျိုး၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဂျက်မာဖောင်ဒေးရှင်းက နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းအား ထောက်ပံ့ရန် ယွမ် သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄ သန်း) ပေးလှူသွားမည်ဟု ကြေညာခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၀ အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၀ ရွေးချယ်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အမြင့်ဆုံး ပြည်သူ့ရှေ့နေချုပ်ရုံးသည် လွန်ခဲ့သောရက်များက ဗဟို ရောဂါထိန်းချုပ်ရေး စီမံမှုကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ အမှုစိစစ်ရေးဌာန ၏လုပ်ငန်းဆောင်တာ အကြောင်းကြားစာ တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန (MIIT) က ဥရောပသမဂ္ဂ စံချိန်စံညွှန်းများနှင့် ကိုက်ညီသော ကျန်းမာရေးအရ အကာအကွယ်ပေးနိုင်သည့် အသုံးအဆောင်များ ထုတ်လုပ်ရန် ပြည်တွင်းထောက်ပံ့မှုများကို တိုးမြှင့်သွားမည်ဟု သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) ရန်ကုန်မြို့ ၊ လသာ မြို့နယ် စဉ့်အိုးတန်းလမ်း(အထက်)၌ ကျင်းပသည့် ၁၅ ကြိမ်မြောက် တရုတ် ရိုးရာ ခြင်္သေ့ ၊ နဂါး အက အလှ စွမ်းရည် ပြိုင်ပွဲတွင် နိုင်ငံတကာ ဖိတ်ခေါ် ပြိုင်ပွဲ အဖြစ်...
ဝူဟန့် ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ သိပ္ပံနည်းပညာ အကယ်ဒမီ ဝူဟန့် ဗိုင်းရပ်စ် ဌာန က နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် သုတေသန အပိုင်း တွင် ရှာဖွေ ဖေါ်ထုတ်မှုများ လုပ်ဆောင်နိုင်ခဲ့ပြီး ဆဲလ်အဆင့် တွင် ရောဂါပိုး...
ဂျေရုဆလင် ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံက ဘက်စုံသုံး-ခရီးဝေးမောင်းနှင်နိုင်သည့် မောင်းသူမဲ့ဒရုန်းယာဉ်(UAV) သစ်ကို တီထွင်ထုတ်လုပ်ခဲ့ကြောင်း နိုင်ငံပိုင် အစ္စရေးအာကာသနည်းပညာစက်မှုလုပ်ငန်း(IAI) က ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၆)ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၀) တွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီက ဇန်နဝါရီ ၃၀ ရက် တွင်ထုတ်ပြန်ခဲ့သည်။