Connect with us

Social

ရန်ကုန်မြို့ ပတ်ရထားလမ်းများ အဆင့်မြှင့်တင်မှုပြီးစီးပါက တစ်ရက်လျှင် ခရီးသွား ၂၅၀,၀၀၀ ပို့ဆောင်နိုင်ရန် မျှော်မှန်း ထား 

မြို့ပတ်ရထားလမ်း အဆင်မြှင့်တင်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာ့အလင်း)

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိပြီး ၊ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပုရွက်ဆိပ်ကုန်း-ရေကူး-ပုဇွန်တောင် အပြင် လမ်းပိုင်းကို ဆက်လက် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုများ ဆောင်ရွက်ပြီးစီးပါကတစ်ရက်လျှင်  ခရီးသွား နှစ်သိန်းခွဲပို့ဆောင်နိုင်ရန် ရည်မှန်း ထားကြောင်း ဇန်နဝါရီ ၃၀ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။

အဆင့်မြှင့်တင်သည့် စီမံကိန်းများ မစတင်မီ  မြို့ပတ်ရထား စီးနင်းသူ ခရီးသွား ကိုးသောင်းနီးပါးရှိကြောင်း၊  မြို့ပတ်ရထားလမ်းပိုင်းများ အား အဆင့်မြှင့်ပြီး ရထားတွဲဆိုင်း အသစ်များဖြင့်တွေနဲ့ပြေးဆွဲ မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုတွင် တညင်းကုန်း-အင်းစိန်လမ်းပိုင်း၊ အင်းစိန်-ကြည့်မြင် တိုင်လမ်းပိုင်းများ ပြီးစီးခဲ့ပြီး  ကြည့်မြင်တိုင်-ဘုရားလမ်းဘူတာအတွင်း လမ်းပိုင်း ပြီးစီးသွားပြီးဖြစ်ကြောင်း အပြင်လမ်းပိုင်းပြီးစီးပါ က ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အနောက်ခြမ်းအားလုံး အဆင့် မြှင့်တင်မှုအားလုံး ပြီးစီးမည်ဖြစ်ကြောင်းသိရ သည်။ပုရွက်ဆိပ် ကုန်း-ရေကူးဘူတာ အတွင်းလမ်းနှင့် တညင်းကုန်း-မင်္ဂလာဒုံအပြင်လမ်း ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုများသည်  ဇန်နဝါရီလကုန်ပိုင်းတွင် ပြီးစီးမည် ဖြစ်၍ တစ်ဆက်တည်း ပိတ်ထားသော မင်္ဂလာဒုံ – တညင်းကုန်း လမ်းပိုင်း ဖွင့်လှစ်ပြီး မြို့ပတ်ရထား လမ်းပိုင်း စနစ် ပြန်လည်ချိတ်ဆက်မိမည် ဖြစ်ကြောင်းသည်။  (Xinhua) 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117