ပေကျင်း၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အင်္ဂလန်တွင် လော့ခ်ဒေါင်းကာလ ထပ်တိုးနိုင်ကြောင်းနှင့် အစ္စရေးတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများစတင်နေပြီဖြစ်ကြောင်း နိုဝင်ဘာ ၁ ရက် သတင်းများအရ သိရသည်။
နယူးယောက် ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ၂၀၂၀ သမ္မတရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရက် မကုန်ဆုံးမီ နောက်ဆုံးတစ်ရက်အလိုအထိ မဲပေးပြီးသူစုစုပေါင်း တစ်သန်းရှိခဲ့ကြောင်း မြို့တော်ဝန် Bill de Blasio က နိုဝင်ဘာ ၁ ရက်တွင် ၎င်း၏ တွစ်တာလူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။
မနီလာ ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ဘာသာပြန်/ကိုငယ် နိုဝင်ဘာ ၁ ရက်က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ အဓိက ကျွန်းကြီးဖြစ်သော Luzon ကျွန်းပေါ်တွင် ဖြတ်သန်းတိုက်ခတ်သွားသည့် ဂွန်နီတိုင်ဖွန်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး အခြားသုံးဦးပျောက်ဆုံးနေကြောင်း ပြည်သူ့ကာကွယ်ရေးရုံး(OCD) ၏ ပြောကြားချက်အရ သိရသည်။
အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တူရကီနိုင်ငံ အနောက်ပိုင်း Izmir ပြည်နယ်တွင် အင်အားပြင်းထန်သည့် ငလျင်ကြီးတစ်ခု လှုပ်ခတ်အပြီး ၉၁ နာရီအကြာတွင် ကယ်ဆယ်ရေးလုပ်သားများက အဆောက်အအုံတစ်ခု၏ အပျက်အစီးများအောက်မှ လေးနှစ်အရွယ် မိန်းကလေးကို ကယ်တင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၃ ရက်၌...
တယ်ဟွာ့၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဖူကျန့်ပြည်နယ် တယ်ဟွာ့သည် တရုတ်နိုင်ငံ ရှေးဟောင်း ကြွေထည်လက်မှုအနုပညာမြို့ကြီး ၃ ခု အနက် တစ်ခု ဖြစ်ပြီး ထိုဒေသမှ ထုတ်လုပ်သော ကြွေဖြူထည်များသည် ဆုန့်မင်းဆက် (အေဒီ ၉၆၀ မှ ၁၂၇၉)ခေတ်များမှစ၍ ဥရောပတိုက်သို့ တင်ပို့ရောင်းချခဲ့ရာ မင်မင်းဆက်တွင်...
ရန်ကုန် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် တရုတ်-မြန်မာ ချစ်ကြည်ရေးဆေးရုံဖြစ်သည့် ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ဆေးကုသရေးပစ္စည်းကိရိယာများကို နိုဝင်ဘာ ၂ ရက်တွင် ထပ်မံ လှူဒါန်းခဲ့ကြောင်း သံရုံးထံမှ သိရသည်။
အစ္စတန်ဘူလ်၊နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အေဂျင်ပင်လယ်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် တူရကီနိုင်ငံတွင် နိုဝင်ဘာ ၂ ရက် ညပိုင်းအချိန်ထိ သေဆုံးသူ ၉၂ ဦး ထိ မြင့်တက်လာပြီး ဒဏ်ရရသူ ၉၉၄ ဦး ရှိကြောင်း တူရကီဘေးအန္တရာယ်နှင့်အရေးပေါ်စီမံခန့်ခွဲမှုဌာန(AFAD)က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် မမှန်ကန်သော သတင်းအချက်အလက်များ၊ အခြေအမြစ်မရှိသော သတင်းအချက်အလက်များကို ပြောဆို၊ ရေးသား၊ ဖြန့်ချိခြင်းများ ပြုလုပ်ခြင်းသည် ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန် ဖြစ်စေ၊ ရွေးကောက်ပွဲပျက်ပြားစေရန်ဖြစ်စေ လုပ်ဆောင်ရာရောက်သည့်အတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈ ( ဃ )...
ရန်ကုန် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ လွန်ခဲ့သော ၂၄ နာရီအတွင်း လူနာသစ် ၁,၁၉၇ ဦး တွေ့ရှိခဲ့ပြီးနောက် COVID-19 ဓာတ်ခွဲ အတည်ပြု လူနာအရေအတွက် စုစုပေါင်း ၅၅,၈၀၄ ဦးထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့်...