Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲ အတည်ပြု လူနာပေါင်း ၅ သောင်းခွဲကျော် ရှိလာ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်၍ သွားလာနေသော အဌားယာဉ်မောင်းတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ လွန်ခဲ့သော ၂၄ နာရီအတွင်း လူနာသစ် ၁,၁၉၇ ဦး တွေ့ရှိခဲ့ပြီးနောက် COVID-19 ဓာတ်ခွဲ အတည်ပြု လူနာအရေအတွက် စုစုပေါင်း ၅၅,၈၀၄ ဦးထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ညပိုင်း ထုတ်ပြန်မှုအရ သိရသည်။

COVID-19 ဓာတ်ခွဲနမူနာ ၁၃,၆၄၂ ခုအား နိုဝင်ဘာ ၂ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၃ ရက် ည ၈ နာရီအတွင်း စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၁,၁၉၇ ဦး တွေ့ရှိခဲ့ကြောင်း နှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၁,၁၀၉ ဦး ရှိကြောင်း သိရသည်။တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ COVID-19 ရောဂါကုသရေးဌာနများမှ ဆေးရုံဆင်းခွင့်ရရှိသူ ၁,၁၀၉ ဦးတွင် ပြည်သူ့ဆေးရုံများမှ ၅၂၉ ဦး ၊ COVID-19ရောဂါ ကုသရေးဌာနများ(ရန်ကုန်မြို့) မှ ၅၈၀ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ထို့အတူ ယနေ့ သေဆုံးလူနာ ၂၅ ဦး ရှိခဲ့ရာ ၎င်းတို့အနက် ရောဂါအခံရှိသူ ၂၁ ဦး ပါဝင်ကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့ပြီး နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားသူ စုစုပေါင်း ၁,၄၇၆ ဦးတွင် Hotel Quarantine တွင် ၅၁၄ ဦး၊ Facility Quarantine တွင် ၁၄၅ ဦး၊ Community Based Facility Quarantine တွင် ၇၂၁ ဦးနှင့် Anosmia Center တွင် ၉၆ ဦးပါဝင်ပြီး ၎င်းတို့အားနေအိမ်များတွင်အသွားအလာ ဆက်လက်ကန့်သတ်ထားကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ယခုအခါ မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၇၂၂,၁၃၅ ခုအား စစ်ဆေးခဲ့ပြီး အတည်ပြု လူနာပေါင်း ၅၅,၈၀၄ ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၃၉,၀၆၃ ဦး နှင့် သေဆုံးလူနာပေါင်း ၁,၃၀၇ ဦး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)