Connect with us

North America

ကြိုတင်မဲပေးရက်မကုန်ဆုံးမီ တစ်ရက်အလို နယူးယောက်မြို့၌ ကြိုတင်မဲပေးပြီးသူ ၁ သန်းရှိဟု မြို့တော်ဝန်ပြော

အမေရိကန်နိုင်ငံ နယူးယောက်မြို့ Suffolk ရှိ မဲရုံတစ်ခုတွင် ကြိုတင်မဲပေးရန် တန်းစီနေသောလူအုပ်ကြီးအား အောက်တိုဘာ ၃၁ ရက်ကတွေ့ရစဉ် ( ဓာတ်ပုံ- Xinhua/Wang Ying)

နယူးယောက် ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ၂၀၂၀ သမ္မတရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရက် မကုန်ဆုံးမီ နောက်ဆုံးတစ်ရက်အလိုအထိ မဲပေးပြီးသူစုစုပေါင်း တစ်သန်းရှိခဲ့ကြောင်း မြို့တော်ဝန် Bill de Blasio က နိုဝင်ဘာ ၁ ရက်တွင် ၎င်း၏ တွစ်တာလူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။

ကြိုတင်မဲပေးရက် မကုန်ဆုံးမီတစ်ရက်အလိုတွင် နယူးယောက်မြို့တော်ဝန် Andrew Cuomo က ၎င်း၏တွစ်တာလူမှုကွန်ရက်ပေါ်မှတဆင့် “ ခင်ဗျားတို့ကြိုတင်မဲပေးလို့ရတယ်၊ ဒါပေမယ့် ခင်ဗျားတို့ နောက်ကျမဲတော့ ပေးလို့မရဘူး ။ ကြိုတင်မဲဟာ နယူးယောက်မြို့မှာ နိုဝင်ဘာ ၁ ရက်မှာ ပြီးဆုံးမယ် ၊ ရွေးကောက်ပွဲက နိုဝင်ဘာ ၃ ရက်ပါ ၊ ခင်ဗျားတို့ ဆန္ဒကို ဖော်ထုတ်ကြပါ”ဟု ရေးသားခဲ့သည်။

မေရိကန်နိုင်ငံ နယူးယောက်မြို့ Suffolk ရှိ မဲရုံတစ်ခုတွင် ကြိုတင်မဲပေးရန် တန်းစီနေသောလူအုပ်ကြီးအား အောက်တိုဘာ ၃၁ ရက်ကတွေ့ရစဉ် ( ဓာတ်ပုံ- Xinhua/Wang Ying)

နယူးယောက်မြို့၌ ကြိုတင်မဲပေးကာလကို အောက်တိုဘာ ၂၄ ရက် မှ နိုဝင်ဘာ ၁ ရက်အထိ သတ်မှတ်ထားသည်။ နိုဝင်ဘာ ၂ ရက်တွင် ကြိုတင်မဲပေးခွင့် ရှိတော့မည်မဟုတ်ပေ။နယူးယောက်ပြည်နယ်တွင် ကြိုတင်မဲပေးရန်အတွက် လူများစွာသည် မဲရုံများသို့ လာရောက်ခဲ့ကြရာ နယူးယောက်မြို့ကဲ့သို့သော လူဦးရေထူထပ်သော နေရာများ၌ မဲပေးရန်စောင့်ဆိုင်းနေသော လူအုပ်ကြီးမှာ အတန်းလိုက်ရှည်လျားစွာရှိနေခဲ့ကြောင်း ၊ အချို့မဲဆန္ဒရှင်များသည် မဲပေးခွင့်ရရန် နာရီပေါင်းများစွာစောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ Suffolk ရှိ မဲရုံတစ်ခုတွင် ကြိုတင်မဲပေးရန် တန်းစီနေသောလူအုပ်ကြီးအား အောက်တိုဘာ ၃၁ ရက်ကတွေ့ရစဉ် ( ဓာတ်ပုံ- Xinhua/Wang Ying)

“နယူးယောက် တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ အောက်တိုဘာ ၂၉ ရက်အထိ မဲပေးခဲ့သူ ၁.၆ သန်းကျော်ရှိခဲ့ပြီး ရွေးကောက်ပွဲမတိုင်ခင် နောက်ဆုံးရက်သတ္တပတ်မဲစာရင်းတွေကိုတော့ ရေတွက်ရအုံးမှာဖြစ်ပါတယ် ” ဟု Newsday သတင်းဌာနက နိုဝင်ဘာ ၁ ရက်တွင်ဖော်ပြခဲ့သည်။

၂၀၁၆ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နယူးယောက်ပြည်နယ်သည် နိုင်ငံအတွင်း မဲပေးသူ အရေအတွက် အဆင့်သတ်မှတ်ချက်၌ အဆင့် ၄၁ တွင် ရပ်တည်နေခဲ့ပြီး ပြည်နယ်အတွင်းမဲပေးခွင့်ရှိသူ စုစုပေါင်း၏ ၅၇ ရာခိုင်နှုန်းကျော်သာ မဲလာပေးခဲ့ကြကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့်နှိုင်းယှဉ်ပါက မဲပေးသူအရေအတွက် အဆင့်သတ်မှတ်ချက် သုံးခု တိုးတက်လာခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာ ၃၁ ရက် ညနေပိုင်းအထိ ကြိုတင်မဲပေးခဲ့သူ စုစုပေါင်း ၉၁ သန်းကျော် သို့မဟုတ် ယခင် ၂၀၁၆ ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခဲ့သူအားလုံး၏ ၆၅ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ဒေသမီဒီယာက ဖော်ပြခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117