ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) သီတင်းကျွတ်မီးထွန်းပွဲတော်သည် မြန်မာလူမျိုးများ ပျော်ရွှင်စွာ ကျင်းပလေ့ရှိသော ရိုးရာပွဲတော်များ အနက်တစ်ခုဖြစ်ပြီး ယခင်နှစ်များတွင် မိသားစု၊မိတ်ဆွေ၊သူငယ်ချင်းများနှင့်အတူ ဘုရားသွားခြင်း၊ ဘုန်းကြီးကျောင်းများသွားခြင်း၊မိဘဘိုးဘွားများကန်တော့ခြင်း၊ မီးထွန်းပွဲတော်များကျင်းပခြင်းတို့ဖြင့် ဆင်နွှဲကြသော်လည်း ယခုကာလသည်COVID-19ရောဂါဖြစ်ပွားသည့် ကာလဖြစ်သောကြောင့် ၂၀၂၀ပြည့်နှစ် သီတင်းကျွတ်ကာလအား ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများနှင့် ပုံစံသစ်ဖြင့် ဆင်နွှဲကြကြောင်း သိရသည်။
အစ္စတန်ဘူလ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အနောက်ပိုင်း Izmir ပြည်နယ်တွင် အောက်တိုဘာ ၃၀ ရက်က အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး လူ ၁၂ ဦးထက်မနည်းသေဆုံးကာ ၄၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူရကီနိုင်ငံ သမ္မတ ရီဆက် တေရစ် အာဒိုဂန်...
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) COVID-19 အတည်ပြုလူနာသစ် (၁,၂၁၀) ဦးအားတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၅၂,၇၀၆) ဦးရှိလာပြီဖြစ်ကာ လူနာ(၁၈)ဦးထပ်မံသေဆုံးခဲ့သဖြင့် ၊ ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၁,၂၃၇) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ အောက်တိုဘာ ၃၁ ရက်ညပိုင်းတွင်...
ဂျီနီဗာ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) COVID-19 ဆိုင်ရာ အရေးပေါ်ကော်မတီက နှစ်ရက်ကြာ အစည်းအဝေး ပြုလုပ်ပြီးနောက် ကပ်ရောဂါသည် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ဆက်လက် ကျန်ရှိနေဆဲဖြစ်ကြောင်း အောက်တိုဘာ ၃၀ ရက်က တညီတညွတ်တည်း သဘောတူခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးဇေကမ္ဘာဝင်းအတွင်း၌ ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက ကွန်တိန်နာကားအတွင်းရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆.၇ သန်းအား ဖမ်းဆီးရမိခဲ့ရာ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများအား အဓိကထုတ်လုပ်သူကို ၅ နှစ်အကြာ၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC myanmar)ထုတ်ပြန်သော...
ဗီယင်ကျန်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်-လာအို ရထားလမ်းအတွက် လျှပ်စစ်ဗို့အားမြင့် ဓာတ်အားလိုင်း ပထမပိုင်း အောင်မြင်စွာ တပ်ဆင်ပြီးဖြစ်ကြောင်း သိရသည်။
ဒါကာ ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ရွှေ့ပြောင်းနေထိုင်သွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IMO) မှ အောက်တိုဘာ ၂၉ ရက်၌ ထုတ်ပြန်ခဲ့သည့်ကြေညာချက် တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သည့်လူပေါင်း ၂၀၀ ကျော် စီးနင်းလိုက်ပါခဲ့သည့် လှေသည် လတ်တလောရက်ပိုင်းတွင် ဆီနီဂေါပင်လယ်ပြင်တွင် နှစ်မြုပ်သွားခဲ့ပြီး ယင်းလှေပေါ်ရှိ လူပေါင်း ၁၄၀ ကျော်...
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ ၁၀ လအတွင်း YBS ယာဉ်များအားအရေးယူမှုပေါင်း ၆၀၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူး...
မော်စကို ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအင်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် က အောက်တိုဘာ ၂၉ ရက် ၌ ကျင်းပပြုလုပ်သည့် အွန်လိုင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဖိုရမ်တွင် ပြောကြားခဲ့သည်။
နယူးယောက် ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အောက်တိုဘာ ၃၀ ရက်ထုတ်ပြန်ကြေညာချက်အရ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၉ သန်းကျော်အထိ ရောက်ရှိလာကြောင်းသိရှိရသည်။