ရန်ကုန်၊ ဇန်နဝါရီလ ၂၂ ရက် (ဆင်ဟွာ) ဇန်နဝါရီလ ၂၁ ရက်နေ့သည် တရုတ်ပြက္ခဒိန်အရ နှစ်သစ်ကူးအကြိုနေ့ ဖြစ်ပါသည်။တရုတ်-မြန်မာ နှစ်နိုင်ငံရှိ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားအသိုင်းအဝိုင်းများ ကျင်းပသော တရုတ်နှစ်သစ်ကူးပွဲတော် ချစ်ကြည်ရေးဘတ်စကတ်ဘောပြိုင်ပွဲနှင့် နှစ်သစ်ကူးကြိုဆိုဂုဏ်ပြုပွဲသို့ အတူတကွ တက်ရောက်ခဲ့ကြပါသည်။(Xinhua)
တရုတ်-မြန်မာ နှစ်နိုင်ငံရှိ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များသည် တရုတ်ပြက္ခဒိန်အရ နှစ်သစ်ကူးအကြိုနေ့ ဖြစ်သည့် ဇန်နဝါရီ ၂၁ ရက်တွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွား အသိုင်းအဝိုင်းများက ကျင်းပသော တရုတ်နှစ်သစ်ကူးပွဲတော် ချစ်ကြည်ရေးဘတ်စကတ်ဘောပြိုင်ပွဲနှင့် နှစ်သစ်ကူးကြိုဆိုဂုဏ်ပြုပွဲသို့ အတူတကွ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua) #တရုတ်နှစ်သစ်ကူးပွဲတော် #ချစ်ကြည်ရေး #ကြိုဆိုဂုဏ်ပြု
ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း အီဂျစ်နိုင်ငံသို့ ပထမဆုံး တရုတ်ခရီးသွားအုပ်စုသည် ရောက်ရှိလာခဲ့ပြီး ကိုင်ရိုအပြည်ပြည်ဆိုင်ရာလေဆိပ်၌ အခမ်းအနားဖြင့် ကြိုဆိုခဲ့ကြသည်။ တရုတ်နိုင်ငံသည် ကပ်ရောဂါမဖြစ်ပွားမီနှစ်များအတွင်း အီဂျစ်နိုင်ငံသို့ ခရီးသွားလာမှု စတုတ္ထအကြီးဆုံး အရင်းအမြစ်ဖြစ်ခဲ့သည်။ (Xinhua) xhtxs.cn/DWK ————————— 1st Chinese tourist group arrives in Egypt since...
အိုမီခရွန်မျိုးဗီဇကွဲသည် ကမ္ဘာတစ်ဝှမ်းတွင် ပျံ့နှံ့နေဆဲ ဖြစ်သောကြောင့် ကမ္ဘာ့စီးပွားရေးဖိုရမ်(WEF) နှစ်ပတ်လည်အစည်းအဝေး ၂၀၂၃ သို့ တက်ရောက်လာကြသည့် ပြည်သူ့ကျန်းမာရေး ပညာရှင်များ နှင့် တာဝန်ရှိသူများက COVID-19 ရောဂါ တိုက်ဖျက်ရာတွင် အဓိကစိန်ခေါ်မှုတစ်ချို့အား သတိပေးခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/DWJ ——————— Roundup: Experts highlight challenges...
ပေကျင်း ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နှင့် နိုင်ငံတော်ကောင်စီ ကိုယ်စား ပေကျင်းမြို့၌ ဇန်နဝါရီ ၂၀ ရက်တွင် ပြုလုပ်ခဲ့သည့် ဧည့်ခံပွဲတစ်ခု၌ တရုတ်နိုင်ငံသားများအားလုံးကို နွေဦးပွဲတော်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် COVID-19 ရောဂါပြင်းထန်လူနာ နှင့် အဖျားလူနာများ၏ အရေအတွက်မှာ ကျဆင်းနေလျက် ရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Guo Yanhong ၏ ပြောကြားချက်အရ သိရသည်။ (Xinhua) xhtxs.cn/DWy —————————— China’s COVID-19 vaccines prove to be safe, effective...
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက အာဖဂန်နစ္စတန်နိုင်ငံ ကြားဖြတ်အစိုးရ၏ ယာယီ နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi နှင့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုခဲ့ပြီး နှစ်ဖက်လုံးက ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေး နှင့် အကြမ်းဖက်မှုများအား တိုက်ဖျက်ရန် ကတိပြုခဲ့ကြကြောင်း သိရသည်။ (Xinhua) xhtxs.cn/DWR —————————- Chinese, Afghan FMs...
ဖူကျန့်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံထုတ် မော်တော်ကား အစီးရေ ၂၉၀ ကို တင်ဆောင်လာသော ကုန်တင်ရထားသစ်တစ်စင်းသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် နင်တယ်မြို့မှ ရုရှားနိုင်ငံ မော်စကိုမြို့သို့ ဦးတည်ထွက်ခွာသွားခဲ့သည်။ အဆိုပါ ရထားသည် နင်တယ်မြို့မှ ပထမဆုံး တရုတ်-ဥရောပ ကုန်တင်ရထားလမ်းကြောင်း ဖြစ်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (LMC) ခိုင်မာစေရန် ရိုးရာအကပွဲတော်ကို နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း ကြေးမုံသတင်းစာက ဇန်နဝါရီ ၂၀ ရက်၌ ဖော်ပြထားသည်။
ရန်ကုန်၊ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ရန်ကုန်မြို့ တရုတ်တန်းရှိ ဆိုင်များတွင် တရုတ်နှစ်သစ်ကူး အလှဆင်ဖွယ်ရာများနှင့် တရုတ်ရိုးရာစားဖွယ်ရာများမှာ အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရသည်။