Connect with us

Culture & Entertainment

လန်ချန်း-မဲခေါင် နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရန် ရိုးရာအကပွဲတော်ကျင်းပ

လန်ချန်း-မဲခေါင် နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရန် ရိုးရာအကပွဲတော်အတွင်း ကပြဖျော်ဖြေ မှုအားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (LMC) ခိုင်မာစေရန် ရိုးရာအကပွဲတော်ကို နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း ကြေးမုံသတင်းစာက ဇန်နဝါရီ ၂၀ ရက်၌ ဖော်ပြထားသည်။လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရန်နှင့် LMC နိုင်ငံများမှ လူငယ်အနုပညာရှင်များအကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရန် ဇန်နဝါရီ ၁၉ ရက်က ရိုးရာအကပွဲတော်ကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက တက်ရောက်လာသူများအား သက်ဆိုင်ရာနိုင်ငံများ၏ ရိုးရာအကများကို ထိန်းသိမ်းကာ မျိုးဆက်သစ်များ လက်ဆင့်ကမ်း ထိန်းသိမ်းသွားရန် တိုက်တွန်းပြောကြားသည်။

အဆိုပါပွဲတွင် လန်ချန်း-မဲခေါင် နိုင်ငံခြောက်နိုင်ငံမှ အကပညာရှင်များက ၎င်းတို့၏ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
လန်ချန်း-မဲခေါင် ၆နိုင်ငံတွင် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်း နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)