Connect with us

China

ရှီက ပြုပြင်ပြောင်းလဲရေးနှင့်တံခါးဖွင့်ဝါဒတွင် ကဏ္ဍသစ်ရေးထိုးရန် အလေးပေးပြောကြား

ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အခြေခံမူများကို စောင့်ထိန်းခြင်း၊ ခရီးစဉ်သစ်တွင် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒကျင့်သုံးရေးကဏ္ဍသစ် ရေးထိုးရာတွင် ခိုင်မာသောခြေလှမ်းများဖြင့် အစပြုခြင်းအတွက် ဧပြီ ၂၁ ရက်၌ အလေးပေးပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ ရှီက ဦးဆောင်သည့် ၂၀ကြိမ်မြောက် CPC ဗဟိုကော်မတီ၏ ဘက်စုံနက်ရှိုင်းစွာပြုပြင်ပြောင်းလဲရေး ကော်မရှင် ပထမအကြိမ်အစည်းအဝေးတွင် သဘာပတိအဖြစ်ဆောင်ရွက်စဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်သည် ၂၀ ကြိမ်မြောက်နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံ၌ လမ်းညွှန်ထားသော အခြေခံမူများကို အပြည့်အ၀အကောင်အထည်ဖော်သော ပထမဆုံးနှစ်ဖြစ်သည်။ ထို့ပြင် ယခုနှစ်သည် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း ၄၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီး ၁၈ ကြိမ်မြောက် CPC ဗဟိုကော်မတီ၏ တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ ၁၀ နှစ်မြောက်အထိမ်းအမှတ်လည်းဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)

…………………………
(English Version)
Xi stresses writing new chapter in reform, opening-up
BEIJING, April 21 (Xinhua) — Chinese President Xi Jinping on Friday stressed upholding fundamental principles, breaking new ground and taking solid steps to write a new chapter in reform and opening-up on the new journey.
Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, made the remarks while presiding over the first meeting of the commission for deepening overall reform of the 20th CPC Central Committee, which he heads.
This year marks the first year for fully implementing the guiding principles of the 20th CPC National Congress. It also marks the 45th anniversary of China’s reform and opening-up and the 10th anniversary of the third plenary session of the 18th CPC Central Committee, said Xi.