Politics, Law & Military
မြန်မာနိုင်ငံက တရုတ်နိုင်ငံထံ အွန်လိုင်းလိမ်လည်မှု သံသယရှိသူ ၄၉,၀၀၀ လွှဲပြောင်းခဲ့
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက ၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ ဆက်သွယ်ရေးနှင့် အင်တာနက်လိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၄၉,၀၀၀ ကျော်အား တရုတ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မေ ၂၇ ရက်တွင် ပြောကြားချက်အရ သိရသည်။ယင်းမှုခင်းနှင့် ဆက်စပ်၍ နာမည်ဆိုးဖြင့်ကျော်ကြားသော ဒုစရိုက်အဖွဲ့များစွာကိုလည်း ဖြိုခွင်းနိုင်ခဲ့ကာ အဓိကသံသယရှိသူ အမြောက်အမြားကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ဆက်သွယ်ရေးနှင့် အင်တာနက်လိမ်လည်မှုများစွာတွင် တရုတ်နိုင်ငံသားများ ပါဝင်မှုမြင့်မားနေဆဲဖြစ်ပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်ခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခံရခြင်း အပါအဝင် အခြားမှုခင်းများလည်း မကြာခဏဖြစ်ပွားလျက်ရှိသည်။ MPS အနေဖြင့် ယင်းအခြေအနေကို ဦးစားပေးလျက် ထိုကဲ့သို့မှုခင်းများကို တင်းတင်းကြပ်ကြပ်နှိမ်နင်းခဲ့ပြီး သိသာထင်ရှားသော ရလဒ်များလည်း ထွက်ပေါ်လာခဲ့သည်။
လွန်ခဲ့သောငါးနှစ်တာကာလအတွင်း နိုင်ငံအတွင်းရှိ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် ဆက်သွယ်ရေးနှင့် အင်တာနက်လိမ်လည်မှု ၁.၉၄ သန်းကျော် နှိမ်နင်းနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက ဖော်ပြခဲ့သည်။
ထို့ပြင် ထိုကဲ့သို့ လစဉ် လိမ်လည်မှုအသစ်ဖြစ်ပွားသည့်အရေအတွက်မှာ ၈ လဆက်တိုက် လျော့ကျလာခဲ့သဖြင့် အဆိုပါမှုခင်းမျိုး မြင့်တက်လာနိုင်ခြေကို ထိထိရောက်ရောက်လျှော့ချနိုင်ခဲ့ခြင်းလည်းဖြစ်ကြောင်း MPS က ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
49,000 telecom scam suspects extradited to China from Myanmar: police
BEIJING, May 27 (Xinhua) — Over 49,000 criminal suspects of telecom and internet fraud have been handed over to Chinese custody by Myanmar since July 2023, according to the Ministry of Public Security (MPS) on Monday.
Several notorious criminal groups linked to the fraud have been dealt crushing blows with a number of major criminal suspects arrested, the ministry said at a press conference.
Since the beginning of 2023, the number of telecom and internet fraud cases in north Myanmar involving Chinese citizens had remained high, often resulting in other criminal acts such as illegal border-crossing and detainment. The MPS had prioritized the situation and launched high-pressure crackdowns on such crimes, yielding significant results.
Over the last five years, public security agencies across the country have cracked more than 1.94 million cases of telecom and internet fraud, the ministry said.
Notably, the monthly number of new cases of such fraud has been declining for eight consecutive months, indicating that the rise in such crimes has been effectively curtailed, according to the MPS.
Photo: Criminal suspects escorted by Chinese police officers are pictured on a charter flight to China, Jan. 30, 2024. (Xinhua/Yin Gang)