North America
အစ္စရေးနှင့် လက်ဘနွန်အကြား ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်
ဂျေရုဆလမ်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံနှင့် လက်ဘနွန်နိုင်ငံအကြား ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေးသည် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ အစောပိုင်းကြေညာချက်ထုတ်ပြန်ပြီးနောက် ဧပြီ ၁၆ ရက်နှင့် ဧပြီ ၁၇ ရက်ကြား ဒေသစံတော်ချိန် သန်းခေါင်ယံအချိန်၌ စတင်အသက်ဝင်လာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အပစ်အခတ်ရပ်စဲရေးသည် လူ့အသက်ပေါင်း ၂,၀၀၀ ကျော်သေဆုံးခဲ့သည့် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား အချိန်တစ်လကျော်ကြာတင်းမာမှုကို အဆုံးသတ်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။
ယမန်နေ့က လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ စစ်သွေးကြွများ၊ လောင်ချာများနှင့် ဌာနချုပ်များ အပါအဝင် ဟစ်ဇ်ဘိုလာပစ်မှတ်နေရာ ၃၈၀ ကျော်အား အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အပစ်အခတ်ရပ်စဲရေး အသက်မဝင်မီ နောက်ဆုံးနာရီပိုင်းအချိန်အတွင်း ဟစ်ဇ်ဘိုလာက အစ္စရေးဘက်သို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ရာ လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးကယ်ဆယ်ရေးအဖွဲ့ Magen David Adom က ပြောကြားခဲ့သည်။
အစ္စရေးနိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲကာလအတွင်း လက်ဘနွန်နိုင်ငံ တောင်ပိုင်းရှိ လုံခြုံရေးဇုန် ၁၀ ကီလိုမီတာကို ထိန်းသိမ်းထားမည်ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဗီဒီယိုမှတစ်ဆင့် ထုတ်ပြန်ချက်၌ ပြောသည်။
၎င်းက ဟစ်ဇ်ဘိုဘာတို့ လက်နက်စွန့်ရေးကို တောင်းဆိုမှုနှင့်အတူ လုံခြုံရေးလိုအပ်ချက်ကို အလေးထားဖော်ပြကာ တပ်ဖွဲ့ဝင်ရုပ်သိမ်းရေးကို ပယ်ချခဲ့ပြီး အစ္စရေးနှင့် လက်ဘနွန်အကြား ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်အခွင့်အလမ်းကိုလည်း အလေးထားဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)
………..
(English Version)
10-day ceasefire between Israel, Lebanon goes into effect
JERUSALEM,
April 17 (Xinhua) — A 10-day ceasefire between Israel and Lebanon took effect at midnight between Thursday and Friday local time (2100 GMT), following an earlier announcement by U.S. President Donald Trump.
The truce aims to end more than a month of deadly escalation between Israel and Hezbollah, which has claimed over 2,000 lives.
In a statement, Israel’s military said that it struck more than 380 Hezbollah targets in southern Lebanon over the past day, including militants, launchers and headquarters. Israel’s rescue service Magen David Adom claimed that Hezbollah launched rockets into Israel during the final hours before the ceasefire went into effect, resulting in three injuries.
Israeli Prime Minister Benjamin Netanyahu said in a videotaped statement that Israel will maintain a 10-km security zone in southern Lebanon during the ceasefire period.
He cited security needs, rejected withdrawal, and highlighted a historic opportunity for peace between Israel and Lebanon, alongside a demand to disarm Hezbollah.
Photo: This photo taken on April 9, 2026 shows a building destroyed by Israeli airstrikes in Beirut, Lebanon. (Photo by Bilal Jawich/Xinhua)
