Connect with us

Myanmar

မြန်မာနိုင်ငံ သမ္မတဟောင်း ဦးဝင်းမြင့်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

မြန်မာနိုင်ငံ နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် သတင်းမီဒီယာကို လက်ဝှေ့ယမ်းပြနေသော ဦးဝင်းမြင့် (အလယ်) ကို ၂၀၁၈ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ သမ္မတဟောင်း ဦးဝင်မြင့်ကို ဧပြီ ၁၇ ရက်၌ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရသည်။ 

မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်သည် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ယနေ့ (ဧပြီ ၁၇ ရက်) တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းသား/အကျဉ်းသူ ၄,၅၀၀ ကျော်အား အသီးသီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း MRTV သတင်း၌ ဖော်ပြထားသည်။ 

ယင်းအနက် မြန်မာနိုင်ငံသား အကျဉ်းသား/အကျဉ်းသူ ၄,၃၃၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၇၉ ဦးတို့အား သမ္မတက သီးခြား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။ 

မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua) 

……………………..

(English Version) 

Former Myanmar President U Win Myint released under amnesty

YANGON, April 17 (Xinhua) — Former Myanmar President U Win Myint was released under 

amnesty on Friday, state-owned Myanmar Radio and Television (MRTV) reported.Myanmar’s President U Min Aung Hlaing granted amnesty to over 4,500 prisoners on Friday, the first day of the Myanmar calendar New Year, MRTV reported.

The president granted amnesty to 4,335 Myanmar prisoners and 179 foreign prisoners in separate orders on New Year’s Day, the report said.The amnesty, to mark Myanmar’s traditional New Year’s Day, is intended to bring peace and humanity to the public and enable the pardoned individuals to participate in nation-building, it said.