Connect with us

Africa & Middle East

သတင်းနောက်ခံအကြောင်းအရာ- လက်ဘနွန်-အစ္စရေး ပဋိပက္ခ အဓိကဖြစ်ရပ်မှတ်တမ်းများ

လက်ဘနွန်မြို့တော် ဘေရွတ် တောင်ပိုင်းဆင်ခြေဖုံးတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံများကို စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလင်/ဘေရွတ်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
လွန်ခဲ့သည့်နာရီအနည်းငယ်က အစ္စရေးစစ်တပ်သည် တိကျသောထောက်လှမ်းရေးသတင်းအရ လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို “အကန့်အသတ်၊ တစ်စိတ်တစ်ပိုင်းနှင့် ပစ်မှတ်ထားတိုက်ခိုက်မှုရှိသော မြေပြင်တိုက်ခိုက်မှုများ” စတင်ခဲ့ကြောင်း အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ ၁ ရက် နံနက်အစောပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါပစ်မှတ်များသည် အစ္စရေးနယ်စပ်ရှိ ကျေးရွာများအနီးတွင် တည်ရှိပြီး “အစ္စရေးမြောက်ပိုင်း ရပ်ရွာများကို တိုက်ရိုက်ခြိမ်းခြောက်မှု” ဖြစ်စေခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၇ ရက် လက်ဘနွန်တွင် ပေဂျာပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အစ္စရေးတို့ကြား ပဋိပက္ခများ ရုတ်တရက် ပြင်းထန်လာသည်။ လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ တောင်ဘက် ဆင်ခြေဖုံးတွင် အစ္စရေး၏ စက်တင်ဘာ ၂၇ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင် Nasrallah သေဆုံးခဲ့မှုက နိုင်ငံတကာအသိုင်းအဝိုင်းကို အံ့ဩတုန်လှုပ်စေခဲ့သည်။
အောက်ပါတို့သည် ၁၉၄၈ ခုနှစ်မှစ၍ လက်ဘနွန်နှင့် အစ္စရေးတို့ကြား ပဋိပက္ခ အဓိကဖြစ်ရပ်မှတ်တမ်းများဖြစ်သည်။
၁၉၄၈ ခုနှစ် မေလတွင် အစ္စရေးက နိုင်ငံထူထောင်ကြောင်း ကြေညာခဲ့သည်။ လက်ဘနွန်၊ ဂျော်ဒန်၊ အီရတ်၊ အီဂျစ်၊ ဆီးရီးယားနှင့် ပါလက်စတိုင်း အာရေဗျလက်နက်ကိုင်များ ဖွဲ့စည်းထားသော မဟာမိတ်တပ်က အစ္စရေးကို ချက်ချင်း စစ်ကြေညာခဲ့သည်။ ၁၉၄၉ ခုနှစ် ဇူလိုင်လတွင် အင်အားကြီးနိုင်ငံများ၏ ပံ့ပိုးမှုများရရှိ၍ အစ္စရေး စစ်ပွဲကို အနိုင်ရခဲ့သည်။
၁၉၆၈ ခုနှစ် ဒီဇင်ဘာလတွင် အစ္စရေးအရပ်ဘက်သုံး လေယာဉ်တစ်စင်းသည် အေသင်လေဆိပ်တွင် ပါလက်စတိုင်း လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ခြင်းခံရမှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေး လက်နက်ကိုင် ရဟတ်ယာဉ်များက လက်ဘနွန်မြို့တော် ဘေရွတ်လေဆိပ်ကို တိုက်ခိုက်ခဲ့ရာ လက်ဘနွန်အရပ်ဘက်သုံး လေယာဉ် တစ်ဒါဇင်ကျော်ကို ဗုံးခွဲဖျက်ဆီးခဲ့သည်။
၁၉၇၈ ခုနှစ် မတ်လတွင် အစ္စရေး ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များသည် “လီတာနီ စစ်ဆင်ရေး (Operation Litani)” စတင်ခဲ့ပြီး လက်ဘနွန်သို့ ပထမဆုံးအကြိမ် ကျူးကျော်ဝင်ရောက်ကာ မြို့တော်ဘေရွတ်ထိ ချဉ်းကပ်ခဲ့ရာ လီတာနီမြစ် တောင်ဘက်ဒေသကို သိမ်းပိုက်ခဲ့သည်။ ဇွန်လတွင် လက်ဘနွန်မှ အစ္စရေးတပ်များ ဆုတ်ခွာခဲ့သည်။
၁၉၈၂ ခုနှစ် ဇွန်လတွင် အစ္စရေးစစ်တပ်သည် မြေပြင်တပ်ဖွဲ့၊ ‌မရိန်းတပ်ဖွဲ့နှင့် လေကြောင်းချီတပ်ဖွဲ့ စေလွှတ်ကာ လက်ဘနွန်နိုင်ငံသို့ အကြီးအကျယ် ကျူးကျော်ဝင်ရောက်၍ လက်ဘနွန်တောင်ပိုင်းကို သိမ်းပိုက်ပြီး Arafat ဦးဆောင်သော ပါလက်စတိုင်းအမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု (Fatah) ကို လက်ဘနွန်မှ မောင်းထုတ်ခဲ့သည်။
၁၉၈၅ ခုနှစ် ဇန်နဝါရီလတွင် အစ္စရေးသည် ၎င်း၏တပ်များကို လက်ဘနွန်မှ တစ်ဆင့်ပြီးတစ်ဆင့် ရုပ်သိမ်းခဲ့သည်။ သို့သော်လည်း အစ္စရေးသည် ၎င်း၏မြောက်ပိုင်းနယ်မြေလုံခြုံရေးကို ကာကွယ်ရန်အကြောင်းပြပြီး လက်ဘနွန်တောင်ပိုင်းတွင် “လုံခြုံရေးဇုန်” ကို တည်ဆောက်ထားသည်။
၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလတွင် လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့ အထွေထွေ အတွင်းရေးမှူး Moussavi နှင့် ၎င်း၏ မိသားစုဝင်များ စီးနင်းလိုက်ပါလာသော မော်တော်ကားကို အစ္စရေးလက်နက်ကိုင် ရဟတ်ယာဉ်များက တိုက်ခိုက်ခဲ့ရာ Moussavi နှင့် ၎င်း၏ မိသားစုဝင်များ ထိုတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသည်။ ထိုအချိန်မှစ၍ လက်ဘနွန်ဟစ်ဇ်ဘိုလာ လက်နက်ကိုင် တပ်ဖွဲ့များသည် အစ္စရေးစစ်တပ်နှင့် အကြိမ်များစွာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး လက်ဘနွန်-အစ္စရေး ပဋိပက္ခသည်လည်း အဆက်မပြတ် ပြင်းထန်လာခဲ့သည်။
၁၉၉၃ ခုနှစ် ဇူလိုင်လတွင် လက်ဘနွန်ဟစ်ဇ်ဘိုလာနှင့် ပါလက်စတိုင်းပြောက်ကျားတပ်များ၏ တက်ကြွလာမှုကို ခြေမှုန်းရန်အတွက် အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်ခဲ့သည်။ ရက်သတ္တပတ်ကြာ ပြင်းထန်သော အပြန်အလှန် ပစ်ခတ်မှုတွင် လူ ၁၅၀ ကျော် သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ဇူလိုင်လကုန်တွင် လက်ဘနွန်နှင့် အစ္စရေး နှစ်နိုင်ငံကြား နားလည်မှုရရှိပြီး အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ခဲ့သည်။
၁၉၉၆ ခုနှစ် ဧပြီလတွင် ဟစ်ဇ်ဘိုလာလက်နက်ကိုင်တပ်ဖွဲ့များက ဒုံးကျည်ဖြင့် အစ္စရေးမြောက်ပိုင်းကို ပစ်ခတ်တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးသည် လက်ဘနွန်တောင်ပိုင်းဒေသတွင် အကြီးစားစစ်ရေးလှုပ်ရှားမှုများ စတင်ခဲ့သည်။ လက်ဘနွန်-အစ္စရေး ပဋိပက္ခသည် ၁၆ ရက် ကြာမြင့်ခဲ့ပြီး လက်ဘနွန်နိုင်ငံသား ၁၆၀ ကျော် သေဆုံးကာ ရာနှင့်ချီ ဒဏ်ရာရရှိပြီး လူပေါင်း ၅၀၀,၀၀၀ ကျော်မှာ ဒုက္ခသည်အဖြစ်သို့ ရောက်ရှိခဲ့သည်။ ထိုလ ၂၆ ရက်တွင် လက်ဘနွန်နှင့် အစ္စရေးတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြသည်။
၂၀၀၀ ပြည့်နှစ်အစောပိုင်းတွင် ဟစ်ဇ်ဘိုလာ လက်နက်ကိုင်တပ်ဖွဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးသည် တိုက်လေယာဉ်များကို အကြိမ်ပေါင်းများစွာ စေလွှတ်ကာ လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာလက်နက်ကိုင်တပ်ဖွဲ့များ၏ အခြေစိုက်စခန်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်၊
၂၀၀၀ ခုနှစ် မေလတွင် အစ္စရေးတပ်များသည် “လုံခြုံရေးဇုန်” မှ ဆုတ်ခွာသွားခဲ့သည်။ သို့သော် အစ္စရေးသည် ၎င်း၏တပ်များကို အငြင်းပွားဖွယ်ရှိသော Shebaa လယ်ယာများမှ မရုပ်သိမ်းသေးသောကြောင့် လက်ဘနွန် ဟစ်ဇ်ဘိုလာ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အစ္စရေးတို့ကြား ပဋိပက္ခသည် ရပ်တန့်သွားခြင်းမရှိခဲ့ပေ။
၂၀၀၆ ခုနှစ် ဇူလိုင်လတွင် လက်ဘနွန် ဟစ်ဇ်ဘိုလာ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အစ္စရေးတို့သည် လက်ဘနွန်-အစ္စရေးနယ်စပ်ဒေသများ၌ ပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့သည်။ ပဋိပက္ခသည် တစ်လကျော်ကြာမြင့်ခဲ့ပြီး လက်ဘနွန်နိုင်ငံသား ၁,၂၀၀ ခန့်နှင့် အစ္စရေးနိုင်ငံသား ၁၆၀ ခန့် သေဆုံးခဲ့သည်။ သြဂုတ်လ ၁၄ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမှတ် ၁၇၀၁ ဆုံးဖြတ်ချက်အရ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သည်။
၂၀၂၁ ခုနှစ်တွင် ရေပိုင်နက်နယ်နိမိတ်သတ်မှတ်ရေးနှင့်ပတ်သက်၍ လက်ဘနွန်နှင့် အစ္စရေးတို့ကြား အငြင်းပွားမှုသည် တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ လက်ဘနွန်နှင့် အစ္စရေး နှစ်ဖက်စလုံးသည် ရေတပ်အင်အား ဖြန့်ကြက်မှုကို တိုးမြှင့်ခဲ့ရာ အခြေအနေတင်းမာမှုများ မြင့်တက်လာခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ်တဖန် ဖြစ်ပွားချိန်မှစ၍ လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးမြောက်ပိုင်းကို အခါအားလျော်စွာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အစ္စရေးက လက်ဘနွန်တောင်ပိုင်းရှိ ပစ်မှတ်များကို လေကြောင်း တိုက်ခိုက်မှုများနှင့် အမြောက်နှင့်ပစ်ခတ်ခြင်းများဖြင့် လက်တုံ့ပြန်ခဲ့သည်။ လက်ဘနွန်တောင်ပိုင်းနှင့် အစ္စရေးမြောက်ပိုင်း နယ်စပ်ဒေသများတွင် နေထိုင်သူအများအပြားကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပြီးဖြစ်သည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင် လက်ဘနွန်တွင် ပေဂျာပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လက်ဘနွန်နှင့် အစ္စရေးတို့ကြား ပဋိပက္ခများ ရုတ်တရက် ပြင်းထန်လာခဲ့သည်။ လက်ဘနွန်ဟစ်ဇ်ဘိုလာခေါင်းဆောင် Nasrallah သည် စက်တင်ဘာ ၂၇ ရက်က လက်ဘနွန်မြို့တော် ဘေရွတ် တောင်ဘက် ဆင်ခြေဖုံးတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း ၎င်းအဖွဲ့က စက်တင်ဘာ ၂၈ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ အတည်ပြုခဲ့သည်။ (Xinhua)

လက်ဘနွန်မြို့တော် ဘေရွတ် မြို့အတွင်း၌ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအပြီး မြင်ကွင်းကို စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
新闻背景|黎以冲突大事记
华社耶路撒冷/贝鲁特10月1日电 以色列国防军10月1日凌晨发表声明说,数小时前,以军根据精确情报开始对黎南部的真主党目标和军事设施进行“有限、局部和有针对性的地面打击”。这些目标位于靠近以色列边境的村庄,“对以北部社区构成直接威胁”。
9月17日,黎巴嫩发生传呼机爆炸事件后,黎巴嫩真主党和以色列的冲突陡然升级。黎真主党领导人纳斯鲁拉在以色列9月27日对黎首都贝鲁特南郊的空袭中丧生,震惊国际社会。
以下是1948年以来黎巴嫩和以色列间冲突大事记:
1948年5月,以色列宣布建国。黎巴嫩与约旦、伊拉克、埃及、叙利亚及巴勒斯坦阿拉伯武装组成的联军随即向以色列宣战。1949年7月,得到大国支持的以色列获得战争胜利。
1968年12月,以色列武装直升机袭击黎巴嫩首都贝鲁特机场,炸毁了十多架黎民用飞机,以报复以色列一架民用飞机在雅典机场遭巴勒斯坦武装人员袭击。
1978年3月,以色列陆、海、空三军发动“利塔尼行动”,首次入侵黎巴嫩,直逼首都贝鲁特,占领了利塔尼河以南地区。6月,以军撤出黎巴嫩。
1982年6月,以军出动地面部队、海军陆战队和空降部队大举入侵黎巴嫩,占领了黎南部地区,并将阿拉法特领导的巴勒斯坦民族解放运动(法塔赫)赶出黎巴嫩。
1985年1月,以色列开始分阶段从黎巴嫩撤军。但以色列以保卫北部领土安全为由,在黎巴嫩南部建立了“安全区”。
1992年2月,以武装直升飞机袭击了黎真主党总书记穆萨维及其家属乘坐的汽车,穆萨维及其家属在袭击中丧生。此后,黎真主党武装同以军进行了多次交火,黎以冲突不断升级。
1993年7月,为打击黎真主党和巴勒斯坦游击队有生力量,以军对黎南部发动大规模的轰炸。在双方为期一周的激烈交火中,造成150多人丧生,500多人受伤。7月底,黎以双方达成谅解,实现停火。
1996年4月,为报复真主党武装对以北部的火箭袭击,以对黎南部地区展开大规模军事行动。黎以军事冲突持续了16天之久,造成黎160多人死亡,数百人受伤,50多万人沦为难民。同月26日,黎以双方达成停火协议。
2000年初,为报复真主党武装的袭击,以多次出动战机对黎南部真主党武装的基地进行轰炸。
2000年5月,以军部队撤离“安全区”。但由于以色列没有从有争议的萨巴阿农场撤军,黎真主党武装和以色列的冲突并未停止。
2006年7月,黎真主党武装和以色列在黎以边境地区发生大规模冲突。冲突持续了一个多月,造成约1200名黎巴嫩人和约160名以色列人丧生。8月14日,根据联合国安理会1701号决议,以色列与真主党实现了停火。
2021年,黎巴嫩与以色列之间关于海上边界划分的争端逐渐升级。黎以均加强部署海军力量,紧张局势升级。
2023年10月7日,新一轮巴以冲突爆发以来,黎真主党不时向以色列北部发动袭击,以军空袭和炮击黎南部目标进行报复。黎南部和以北部边境地区的大量居民已撤离。
2024年9月17日,黎巴嫩发生传呼机爆炸事件后,黎以冲突陡然升级。黎真主党9月28日发表声明,证实其领导人纳斯鲁拉在以色列9月27日对黎首都贝鲁特南郊的空袭中丧生。(完)
图说:这是9月28日在黎巴嫩首都贝鲁特南郊拍摄的以军空袭后造成的破坏。
图说:这是9月30日在黎巴嫩首都贝鲁特城区拍摄的以军空袭后的景象。