Connect with us

Politics

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စတုတ္တသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကျင်းပ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စတုတ္ထသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကျင်းပနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စတုတ္ထသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကို ဒီဇင်ဘာလ ၂ ရက်တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ (ဒီဇင်ဘာ ၃ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong ၊ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန နှင့် တရုတ်မြန်မာ မီဒီယာကိုယ်စားလှယ် ၂၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

သံမှူးကြီး Dr. Zheng Zhihong က တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေများနှင့် ပြုပြင်ပြောင်းလဲမှု ဘက်စုံနက်ရှိုင်းစေရေး အစီအမံများကို မိတ်ဆက်ပေးခဲ့ပြီး သမ္မတ ရှီကျင့်ဖိန်သည် မကြာသေးမီက နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု (Multilateralism) အစည်းအဝေးများကို တက်ရောက်ခဲ့ကာ တရုတ်နိုင်ငံက တံခါးဖွင့်လှစ်၍ ပူးပေါင်းဆောင်ရွက်မှုကို အဆိုပြု၍ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံအားပေးသည့် လှုပ်ရှားမှုများ ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ တံခါးဖွင့်လှစ်မှုသည် ဒေသတွင်းကို ဦးစားပေး ထောက်ပံ့ပြီး အကျိုးဖြစ်ထွန်းစေကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်၍ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

မီဒီယာများကလည်း တရုတ်-မြန်မာ ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသတင်းများကို တက်ကြွစွာ တင်ဆက်ခြင်းဖြင့် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း ခိုင်မာအားကောင်းလာစေရန် ပတ်ဝန်းကျင်ကောင်း ဖန်တီးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

မီဒီယာကိုယ်စားလှယ်များက တရုတ်-မြန်မာ ဆက်ဆံရေးကို အပြုသဘောဆောင်စွာ ချီုးကျူးခဲ့ကြပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်အတွက် အကြံပြုချက်များကို တက်ကြွစွာ အဆိုပြုခဲ့ကြကာ တရုတ်-မြန်မာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုတွင် ရလဒ်သစ်များ ရရှိရန် မျှော်လင့်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ပေါင်းကူးတံတားအဖြစ် ဆက်လက်ဆောင်ရွက်ပြီး နှစ်နိုင်ငံ ပြည်သူများ စိတ်နှလုံးချင်း ဆက်နွှယ်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.