Media
အမေရိကန်၏ စည်းကြပ်ခွန်သတ်မှတ်မှုက ဂျာမနီ၌ ဝေဖန်မှုများနှင့် စိုးရိမ်မှုများ ပေါ်ပေါက်စေ
ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်နိုင်ငံတို့အပေါ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ စည်းကြပ်ခွန် သတ်မှတ်မှုက ဂျာမနီနိုင်ငံ၌ ဝေဖန်မှုများနှင့် စိုးရိမ်မှုများကို ပေါ်ပေါက်စေခဲ့သည်။
မက္ကဆီကိုနှင့် ကနေဒါ သွင်းကုန်များအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း၊ တရုတ်သွင်းကုန်များအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံရန် ထရမ့်က ဖေဖော်ဝါရီ ၁ ရက်၌ ညွှန်ကြားခဲ့သည်။ ထို့အတူ ဥရောပသမဂ္ဂ (အီးယူ) အနေဖြင့် အမေရိကန်နှင့် ကုန်သွယ်ရေးပိုလျှံမှု ဆက်လက်ဖြစ်ပေါ်နေခြင်းကို အကြောင်းပြု၍ နောက်တစ်ကြိမ်တွင် အီးယူအလှည့် ဖြစ်နိုင်ဖွယ်ရှိကြောင်းလည်း ထရမ့်က အရိပ်အမြွက် ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ်ကမူ အမေရိကန်နိုင်ငံနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများနှင့် စပ်လျဉ်း၍ ဂျာမနီ၏ ကတိကဝတ်များကို ထပ်လောင်းအတည်ပြုခဲ့သော်လည်း ပထမဦးစားပေး ကိစ္စရပ်မှာ ကမ္ဘာကြီးအား စည်းကြပ်ခွန် အတားအဆီးများစွာဖြင့် ပိုင်းခြားမပစ်ရေးပင်ဖြစ်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0SR
…………………
(English Version)
U.S. tariff move sparks criticism, concern in Germany
U.S. President Donald Trump’s tariff move against Canada, Mexico and China has sparked criticism and concern in Germany.
On Saturday, Trump ordered to impose a 25-percent tariff on imports from Mexico and Canada, and a 10-percent tariff on Chinese goods. He also signaled that the European Union (EU) could be next, citing the bloc’s persistent trade surplus with the U.S.
While reaffirming Germany’s commitment to economic ties with the U.S., German Chancellor Olaf Scholz emphasized that the first priority should be “not to divide up the world with many tariff barriers.”