Connect with us

China

ကမ္ဘာ့အစောဆုံး ငှက်မျိုးနွယ်စုတစ်မျိုးအား တရုတ်နိုင်ငံက ရှာဖွေတွေ့ရှိ၊ ငှက်မျိုးနွယ်စု ဆင့်ကဲပြောင်းလဲမှု သမိုင်းကို ပြောင်းလဲရေးသားနိုင်ခဲ့

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ကျိန့်ဟော်၌ တွေ့ရှိရသော တိရစ္ဆာန်အုပ်စု ဂေဟစနစ်ပုံဖော် ရုပ်ပုံအား တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်သိပ္ပံအကယ်ဒမီ ကျောရိုးရှိသတ္တဝါကျောက်ဖြစ်ရုပ်ကြွင်းဗေဒနှင့် လူသားကျောက်ဖြစ်ရုပ်ကြွင်းဗေဒ သုတေသနဌာန (IVPP))

ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)
မကြာမီရက်များက တရုတ်သိပ္ပံအကယ်ဒမီ ကျောရိုးရှိသတ္တဝါကျောက်ဖြစ်ရုပ်ကြွင်းဗေဒနှင့် လူသားကျောက်ဖြစ်ရုပ်ကြွင်းဗေဒ သုတေသနဌာန (IVPP) မှ ဝမ်မင် ဦးဆောင်သော အဖွဲ့နှင့် ဖူကျန့်ပြည်နယ် ဘူမိစူးစမ်းလေ့လာရေးဌာနအဖွဲ့တို့ အတူပူးတွဲ၍ အသစ်တွေ့ရှိရသော ကျိန့်ဟော် Baminornis ငှက်၏ ကျောက်ဖြစ်ရုပ်ကြွင်းအား သုတေသနပြုခဲ့ကြရာ ယနေ့ခေတ် ငှက်မျိုးနွယ်စု၏ ခန္ဓာကိုယ်တည်ဆောက်ပုံမှာ ဂျူယက်စစ် ခေတ်နှောင်းပိုင်း (လွန်ခဲ့သည့် နှစ်သန်းပေါင်း ၁၅၀ ခန့်) တွင် ပေါ်ထွက်ပြီး ဖြစ်ကြောင်း၊ ငှက်မြီးညောင်းရိုး ဟူသော အရေးကြီးသည့် ထူးခြားချက်လက္ခဏာ ပေါ်လာသည်ထက် နှစ်သန်းပေါင်း ၂၀ နီးပါး ပို၍စောကြောင်း ဖော်ထုတ်ခဲ့သည်။ သက်ဆိုင်ရာ သုတေသန ရလဒ်များကို ပေကျင်းစံတော်ချိန် ဖေဖော်ဝါရီ ၁၃ ရက်က 《Nature》ဂျာနယ်တွင် ဖော်ပြထားကြောင်း သိရသည်။ (Xinhua)

တရုတ်သိပ္ပံအကယ်ဒမီ ကျောရိုးရှိသတ္တဝါကျောက်ဖြစ်ရုပ်ကြွင်းဗေဒနှင့် လူသားကျောက်ဖြစ်ရုပ်ကြွင်းဗေဒ သုတေသနဌာန (IVPP) မှ ဝမ်မင်က ရုံးခန်းတွင် ကျိန့်ဟော်၌ တွေ့ရှိရသော Baminornis ငှက်၏ ကျောက်ဖြစ်ရုပ်ကြွင်းအား လေ့လာနေပြီး လက်ယာဘက်တွင် Baminornis နမူနာပုံစံထားထားသည်ကို ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်သိပ္ပံအကယ်ဒမီ ကျောရိုးရှိသတ္တဝါကျောက်ဖြစ်ရုပ်ကြွင်းဗေဒနှှင့် လူသားကျောက်ဖြစ်ရုပ်ကြွင်းဗေဒ သုတေသနဌာန (IVPP) မှ ဝမ်မင်က ရုံးခန်းတွင် ကျိန့်ဟော်၌ တွေ့ရှိရသော Baminornis ငှက်၏ ကျောက်ဖြစ်ရုပ်ကြွင်းအား လေ့လာနေရာ ဘယ်ဘက်လက်ဖြင့် ငှက်မြီးညောင်းရိုး ကျောက်ဖြစ်ရုပ်ကြွင်းနေရာအား ညွှန်ပြနေသည်ကို ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………
(Chinese Version)
新华全媒+丨中国发现世界最早的鸟类之一 改写鸟类演化历史
新华社照片,北京,2025年2月13日
近日,中国科学院古脊椎动物与古人类研究所王敏团队和福建省地质调查研究院团队联合对新发现鸟类化石——“政和八闽鸟”的研究,揭示了现代鸟类的体型结构在侏罗纪晚期(距今1.5亿年)就已经出现,将以尾综骨为代表的重要特征的出现时间提早了近2000万年。相关研究成果于北京时间2月13日在《自然》杂志上发表。 新华社记者 金立旺 摄
1. 政和八闽鸟和政和动物群生态复原图。新华社发(古脊椎所供图)
2. 2月10日,古脊椎所王敏研究员在办公室观察政和八闽鸟化石标本,右侧是政和八闽鸟模型。
2月10日,古脊椎所王敏研究员在办公室观察政和八闽鸟化石标本,左手手指所指处即是尾综骨化石。