Connect with us

Local

ဘဏ်ဝန်ဆောင်မှု လက်လှမ်းမမှီသည့် ဒေသများမှ ပြည်သူများ အတွက် ငွေရေးကြေးရေး ဝန်ဆောင်မှုများ တိုးမြှင့် ရရှိစေရန် ဆောင်ရွက် ပေးခဲ့ဟုဆို

ငွေစစ်ခန်းရှိ BPS.200 ငွေရေတွက် စစ်ဆေးသည့် စက်ဖြင့် စစ်ဆေး ရေတွက်နေပုံအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)

အစိုးရ၏ နှစ်နှစ်တာ သက်တမ်းကာလအတွင်း ဗဟိုဘဏ်သည် ငွေကြေး တည်ငြိမ်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဘဏ်ဝန်ဆောင်မှု လက်လှမ်းမမှီသည့် ဒေသများမှ ပြည်သူတွေ အတွက် (Unbanked People in remote areas) ငွေရေးကြေးရေးဝန်ဆောင်မှုများကို တိုးမြှင့်ရရှိစေရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောကြားခဲ့သည်။

အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာ အဖြစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လုပ်ငန်း ဆောင်ရွက်ချက် များအား ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောကြားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အများ ပြည်သူတွေအတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ လွယ်ကူစွာ ရရှိနိုင်စေရန် ပုဂ္ဂလိကဘဏ်များကို ဘဏ်ခွဲများ တိုးချဲ့ ဖွင့်လှစ် ခွင့်ပြုခဲ့ရာ ၂ဝ၁၆ ခုနှစ် မတ်လကုန်တွင် ဘဏ်ခွဲပေါင်း ၁၂၄၇ ခုရှိခဲ့ရာမှ နှစ်နှစ်တာ ကာလအတွင်း ပုဂ္ဂလိကဘဏ် ၂၄ ခုမှ နိုင်ငံတစ်ဝန်း ဘဏ်ခွဲပေါင်း ၃ဝ၆ ခုကို ထပ်မံ တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့သဖြင့် လက်ရှိအချိန်တွင် ဘဏ်ခွဲပေါင်း ၁၆၅၃ ခုကို ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှု ၊ ရင်းနှီး မြှုပ်နှံမှုများ တိုးတက် များပြား လာသည်နှင့် အမျှ ဘဏ်လုပ်ငန်းများ ပိုမို လွယ်ကူစွာ ဆောင်ရွက် နိုင်စေရန် ၂ဝ၁၅ ခုနှစ်တွင် နိုင်ငံခြား ဘဏ် ကိုးခုကို ပြည်တွင်း၌ ဘဏ်ခွဲ ဖွင့်လှစ် ခွင့်ပြုခဲ့ရာမှ ၂ဝ၁၆ ခုနှစ်အတွင်း နိုင်ငံခြား ဘဏ် လေးခုကို ဘဏ်ခွဲ ထပ်မံ ဖွင့်လှစ်ခွင့်ပြု ခဲ့သဖြင့် အခုအခါ ပြည်တွင်းမှာ နိုင်ငံခြားဘဏ်ခွဲ စုစုပေါင်း ၁၃ ခုဖွင့်လှစ်ပြီး ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများပေးလျက်ရှိကြောင်း သိရသည်။

ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းကို ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ အပြင် မိုဘိုင်း ကွန်ရက် အော်ပရေတာ များကပါ ဝန်ဆောင်မှု ပေးနိုင်ရေး ရည်ရွယ်ပြီး မိုဘိုင်း ကွန်ရက် အော်ပရေတာ နှစ်ခု နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်း တစ်ခုကို မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့အတူ ငွေဖောင်းပွမှုနှုန်းသည် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၉၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ် တွင် ၆ ဒသမ ၈၁ ရာခိုင်နှုန်း နှင့် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလတွင် ၄ ဒသမ ၆၁ ရာခိုင်နှုန်း သို့ အသီးသီး ကျဆင်းခဲ့ကြောင်း သိရသည်။

ငွေဖောင်းပွမှုကို ဖြစ်ပေါ်စေနိုင်သည့် နိုင်ငံတော်၏ ဘတ်ဂျက် လိုငွေကို ဗဟိုဘဏ်မှ ဖြည့်ဆည်း ပေးရခြင်းကို လျှော့ချ နိုင်ရန် ဗဟိုဘဏ်သည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန နှင့် ပူးပေါင်းပြီး ဘဏ်များ အပါအဝင် ငွေရေး ကြေးရေး အဖွဲ့အစည်းများကို အစိုးရ ငွေတိုက် လက်မှတ်များ ဈေးပြိုင်စနစ်ဖြင့် ရောင်းချခြင်း (Treasury Bill Auction) ကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်မှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း ၊ ထို့ပြင် အစိုးရ ငွေတိုက် စာချုပ်များကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချခြင်း (Treasury Bond Auction) ကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၂ဝ ရက် မှစတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းသုံး ကျပ်ငွေ၏ အခန်းကဏ္ဍ တိုးတက် မြင့်မားရေး ၊ ပြည်တွင်း ၌ ဒေါ်လာ ကျယ်ပြန့်စွာ အသုံးပြုမှု မဖြစ်ပေါ် စေရေးနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးတို့ အတွက် ငွေပေးချေမှုများကို နိုင်ငံခြား သုံးငွေဖြင့် ဈေးနှုန်း သတ်မှတ်ခြင်း နှင့် သုံးစွဲခြင်းကို မပြုလုပ်ဘဲ ပြည်တွင်းသုံး ကျပ်ငွေ ဖြင့်သာ ပြုလုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် နှင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် (၂) နှစ်တာကာလအတွင်း ဘဏ်မဟုတ်သည့် ကုမ္ပဏီ အဖွဲ့အစည်း များကို Money Changer License ၉၅ ခု ခွင့်ပြုခဲ့ပြီး ကောင်တာ ၁၃၁ ခု တိုးချဲ့ဖွင့်လှစ် ခွင့်ပြုခဲ့သည့် အတွက် ၂ဝ၁၈ ခုနှစ် မတ် ၁၃ ရက်အထိ ကောင်တာ စုစုပေါင်း ၄၂၅ ခု ဖွင့်လှစ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လုပ်ငန်း ဆောင်ရွက်ချက် များအဖြစ် ငွေကြေး တည်ငြိမ်မှုအတွက် အကောင် အထည်ဖော် ဆောင်ရွက်ချက်များ ၊ ဘဏ်လုပ်ငန်းကဏ္ဍ စနစ်တကျ ဖွံ့ဖြိုး တိုးတက် စေရေး ဆောင်ရွက် ချက်များ ၊ ငွေကြေး ခဝါချမှု အပါအဝင် အကြမ်းဖက် ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးအတွက် လက်ရှိဆောင်ရွက်နေမှုအခြေအနေများ ၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.