Connect with us

Environment, Disasters & Accidents

ယူနန်နှာခေါင်းလန်မျောက်များ နွေဦးရာသီချိန်ခါ၌ ပျော်မြူးလျက်ရှိ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပိုင်မာနှင်းတောင် အမျိုးသားအဆင့် သဘာဝထိန်းသိမ်းကာကွယ်ရေးဇုန်၌ ယူနန်နှာခေါင်းလန်မျောက်အား မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဂရီလာ (ယူနန်) ၊ မတ် ၁၁ ရက် (ဆင်ဟွာ)

နွေဦးရာသီချိန်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တီချင့် ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲရှိ ပိုင်မာနှင်းတောင် အမျိုးသားအဆင့် သဘာဝထိန်းသိမ်းကာကွယ်ရေးဇုန်အတွင်း၌ ယူနန်နှာခေါင်းလန်မျောက်များသည် သစ်ပင်များအကြား ဖြတ်သန်းသွားလာ၍ သစ်ကိုင်းများကြား နားခိုခြင်း သို့မဟုတ် အစာရှာဆော့ကစားခြင်းတို့ဖြင့် နွေဦးရာသီချိန်ခါကို ပျော်မြူးစွာ ဖြတ်သန်းလျက်ရှိပါသည်။ လတ်တလောနှစ်များတွင် ဂေဟပတ်ဝန်းကျင် အခြေအနေ အဆက်မပြတ် တိုးတက်ကောင်းမွန်လာပြီး ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းအား ထိရောက်စွာ ဖော်ဆောင်လာသည်နှင့်အမျှ ပိုင်မာနှင်းတောင် အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးဇုန်အတွင်းရှိ ယူနန်နှာခေါင်းလန်မျောက်များ အရေအတွက်သည်လည်း တည်ငြိမ်စွာ တိုးပွားလာလျက်ရှိပေသည်။ (Xinhua)

 

————————————————-(Chinese Version)
滇金丝猴乐享春日时光
新华社照片,香格里拉(云南),2025年3月11日
春日里,在云南迪庆藏族自治州白马雪山国家级自然保护区内,滇金丝猴穿梭于树林之间,或驻足枝头,或觅食嬉戏,乐享春日时光。近年来,随着生态环境不断改善、保护工作有效推进,白马雪山国家级自然保护区内的滇金丝猴数量稳步增长。
图说:这是3月10日在白马雪山国家级自然保护区拍摄的滇金丝猴。 新华社记者 胡超 摄